မင်းသမီးချောလေး မိုးဟေကိုကတော့ ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ အားလုံးကချစ်ခင်ရတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အများနဲ့မတူဘဲ တည်ငြိမ်အေးချမ်းတဲ့မျက်နှာမျိုးကို ပိုင်ဆိုင်ထားတဲ့ မိုးဟေကိုက မဟာဆန်ဆန်အလှပိုင်ရှင်လို့တောင် တင်စားနိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် သွယ်လျလှပတဲ့ မိုးရဲ့ခန္ဓာကိုယ်အချိုးအစားက တကယ့်ကိုဆွဲဆောင်မှုပြည့်နေတာ ဖြစ်ပါတယ်။

Photo Credit -LiJohn Li Photography
Photo Credit -LiJohn Li Photography
Photo Credit -Bling Bling Photography

လက်ရှိမှာတော့ မိုးဟေကိုက ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေသလို ပွဲအခမ်းအနားတွေလည်း အဆက်မပြတ်တက်ရောက်နေရတာ ဖြစ်ပါတယ်။ ခမ်းနားလှပတဲ့ မိုးရဲ့ပွဲတက်ဖက်ရှင်တွေကလည်း အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အခုလည်း မိုးဟေကိုက ဒီဇိုင်နာမင်းသက်စံကိုယ်တိုင် အချိန်ယူဖန်တီးထားတဲ့ ပန်းပွင့်ဂါဝန်လေးကိုဝတ်ဆင်ပြီး ဘိုမရုပ်လေးပမာ ချစ်စရာကောင်းနေပြန်ပါတယ်။

Photo Credit -LiJohn Li Photography
Photo Credit- Moe Hay Ko's FB
Photo Credit- Moe Hay Ko's FB

ဒီပန်းပွင့်ဂါဝန်လေးကိုတော့ ဒီဇိုင်နာမင်းသက်စံအနေနဲ့ အချိန် (၆)လကြာစဉ်းစားပြီး အချိန် (၃)လကြာအောင် ဖန်တီးခဲ့ရတာ ဖြစ်ပါတယ်။ အခုလည်း မိုးက ပန်းပွင့်လေးလို ဖူးပွင့်လာတဲ့ဂါဝန်အဆန်းလေးနဲ့အတူ မြင်သူတိုင်းခဏခဏပြန်ကြည့်ချင်လောက်အောင် လှသွေးကြွယ်နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မိုးဟေကိုရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Moe Hay Ko's FB 

Photo Credit- Moe Hay Ko's FB
Photo Credit- Moe Hay Ko's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။