photo credit - EPICENTER TWITTER

EPICENTER Counter-Strike: Global Offensive ပြိုင်ပွဲကြီးရဲ့ prize pool ကတော့ ယခုနှစ်မှာ တိုးမြင့်လာခဲ့ပြီပဲဖြစ်ပါတယ်။

မနှစ်ကကျင်းပခဲ့တဲ့ EPICENTER 2018 ရဲ့ prize pool ဟာ $ 295,000 သာရှိပြီး သိပ်မကြာခင်မှာကျင်းပတော့မယ့် EPICENTER 2019 ပြိုင်ပွဲကြီးရဲ့ prize pool ကတော့ $ 500,000 ထိတိုးမြင့်လာခဲ့တာပဲဖြစ်ပါတယ်။

EPICENTER 2019 ပြိုင်ပွဲကြီးကိုတော့ Russia နိုင်ငံ Moscow မြို့မှာ လာမယ့် ဒီဇင်ဘာလ အတွင်းမှာ ကျင်းပသွားမှာပဲဖြစ်ပါတယ်။

Group stage ကိုတော့ December 17th ကနေ 19th ထိ ကျင်းပသွားမှာဖြစ်ပြီး playoffs ကတော့ December 21th နေ့နဲ့ 22th နေ့တွေမှာဆော့ကစားသွားမှာပဲဖြစ်ပါတယ်။

Direct invite အနေနဲ့ကတော့ AVANGAR , Evil Geniuses , Natus Vincere , Team Vitality တို့က Direct Invite ရရှိထားပြီး ကျန်တဲ့ လေးသင်းကတော့ Qualifier oင်ရောက်ယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။