မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းဟာ AFF HD Bank Futsal Championship 2019 ပြိုင်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်တွင် ထိုင်းအသင်းကို ၉-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပါတယ်။မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကတော့ အောက်တိုဘာ ၂၃ ရက် ယနေ့ နံနက် ၁၁း၀၀ အချိန်တွင် ထိုင်းအသင်းနှင့် ကစားခဲ့တာဖြစ်ပြီး အခုလိုရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ရသော်လည်း ဆီမီးဖိုင်နယ် အဆင့် သို့ တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် အုပ်စု(ခ)မှ ပထမနေရာဖြင့် တက်ရောက်လာမည့် အသင်းနှင့် အောက်တိုဘာ ၂၅ ရက်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ ကမ္ဘောဒီးယား အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ပြီး ၁၃ဂိုး ၃ဂိုးနဲ့ အနိုင်ရရှိခဲ့သလို မြန်မာလက်ရွေးစင်ဖူဆယ်အသင်းက တီမောလက်ရွေးစင်အသင်းကို ၆ဂိုး၁ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိထားတာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ ၃ပွဲကစားထားပြီး ၂ပွဲနိုင် ၁ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

source: MFF 's facebook 

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။