ပရိသတ်တွေရဲ့အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့အလှအပတွေကို တစ်နေ့တစ်မျိုးမရိုးရအောင် ပရိသတ်ကြီးအတွက် မျှဝေနေကျဖြစ်ပါတယ်။ပရိသတ်တွေကလည်း သင်ဇာရဲ့လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေကြပြီး လူမှု့ကွန်ယက်စာမျက်နှာမှာ ပုံတစ်ပုံတက်လာတိုင်း တစ်ခဲနက်ကို အားပေးဝန်းရံနေကြတာတွေ့မြင်ရပါတယ်နော်။

Photo Credit:thin zar wint kyaw's IG
Photo Credit:thin zar wint kyaw's IG

သင်ဇာက လက်တလောမှာ အနုပညာခြေလှမ်းတွေအရမ်းစိပ်နေပြီး "မြမြ"ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ဖိတ်ကြားလာတဲ့ပွဲအခမ်းအနားတွေကိုတော့ မရိုးသွားမယ့်ဖက်ရှင်အဆန်းတွေနဲ့ မြင်သူတကာငေးမောရတဲ့အလှအပတွေကို ဖော်ထုတ်ပြီးပွဲတက်နေကျဖြစ်ပါတယ်။သင်ဇာ့ရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ထားပြီး လျှောက်လှမ်းနေတာကြောင့် ပရိသတ်တွေကလည်း အသိအမှတ်ပြုလက်ခံကြပါတယ်နော်။

Photo Credit:thin zar wint kyaw's IG
Photo Credit:thin zar wint kyaw's IG

အမြဲတမ်းလည်း ကိုယ့်ကိုယ်ကိုယ်လှပအောင်နေပြီး စတိုင်လ်ကျနေတဲ့ သင်ဇာရဲ့ညှို့အားပြင်းတဲ့အလှအပတွေဟာလည်း အမြဲမြင်တွေ့နေရပေမယ့် ဘယ်တော့မှမရိုးသွားပါဘူးနော်။အခုဆိုရင်တော့ သင်ဇာက ရိုက်ကွင်းတစ်ခုမှာ ဆွဲဆောင်မှုအပြည့်နဲ့ Sexy ဆန်ဆန်ကပြနေတဲ့ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:thin zar wint kyaw's IG
Photo Credit:thin zar wint kyaw's IG

Photo Credit:thin zar wint kyaw's IG

Video Credit:thin zar wint kyaw's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။