သရုပ်ဆောင် မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေအားပေးမှုစတင်ရရှိပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရတာ ဖြစ်ပါတယ်။ ယဉ်ကျေးသိမ်မွေ့တဲ့မိန်းကလေးတစ်ဦးအဖြစ် အားလုံးရဲ့အချစ်တွေကိုရရှိနေတဲ့ မေမြင့်မိုရ်က ကျေးဇူးတရားသိတတ်သူလေးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း မေမြင့်မိုရ်က ဝါလကင်းလွတ်သီတင်းကျွတ်အချိန်လေးမှာ ဆရာဖြစ်တဲ့ ရုပ်ရှင်မင်းသားကြီး ကျော်သူကို သွားရောက်ကန်တော့ဖြစ်ခဲ့ပါတယ်။

Photo Credit- Kyaw Thu's FB
Photo Credit- Kyaw Thu's FB
Photo Credit- Kyaw Thu's FB

မေမြင့်မိုရ်က မောင်လေး သျှင်းမြတ်နဲ့အတူ ဦးကျော်သူထံသွားရောက်ပြီး လက်ဆောင်ခြင်းနဲ့ ဂါဝရပြုကန်တော့ခဲ့တာ ဖြစ်ပါတယ်။ ကျော်သူကတော့ " ပုဂံမြို့သူလေးရဲ့ ထူးမြတ်တဲ့ဂါဝရတရား။ ယနေ့ နေ့လည်တွင်နာကူ(ရန်ကုန်) ရုံးသို့ ပုဂံမြို့သူလေး မေမြင့်မိုရ်တို့မောင်နှမ ကျွန်တော့်လာရောက်ကာ ကန်တော့ပန်းဆင်ခဲ့ပါသည်။ ပုဂံကိုချစ်တဲ့।ပုဂံအဆက်ပါသည့် မေမြင့်မိုရ်သည် ကျွန်တော်၏အသက်ဖြစ်သော ကျွန်တော်ဧ။နှလုံးသွေးဖြစ်သော"၁၀၁၄"( မင်းမြတ်အနော်ရထာမွေးဖွားသည့် ခရစ်သက္ကရာဇ်) ရုပ်ရှင်ဇာတ်ကားကြီးထဲတွင်လည်း ပါဝင်သရုပ်ဆောင်ပေးခဲ့ပါသည်။ ယခုလည်း ပုဂံမှပြန်ရောက်ရောက်ခြင်း ကျွန်တော့်အား မောင်ဖြစ်သူ သရုပ်ဆောင် သျှင်းမြတ်နှင့် လာရောက်ဂါရဝပြုပေသည်။ 

Photo Credit- Kyaw Thu's FB
Photo Credit- Kyaw Thu's FB
Photo Credit- Kyaw Thu's FB

ထိုသို့ ဂါရဝတရားရှေ့ရှုထားသော ကျေးဇူးတရားဦးထိပ်ထားသော မျိုးဆက်သစ်ပရဟိတအနုပညာရှင် မေမြင့်မိုရ်နှင့် သျှင်းမြတ်တို့ ယခုထက်ပရိသတ်များအားပေးချစ်ခင်မှုရရှိကာ ဂုဏ်ထူးဆောင်ထူးချွန်ဆုများရရှိကြပါစေကြောင်းဆုတောင်းမေတ္တာပို့သကာ သက်ရှည်ကျန်းမာစေကြောင်း နတ်ကောင်းနတ်မြတ်များစောင့်ရှောက်ဖေးမပါရန် မေတ္တာရပ်တောင်းဆိုလိုက်ပါသည်။သာဓု သာဓု သာဓုပါခင်ဗျာ။ " ဆိုပြီး ဆုမွန်ကောင်းတွေတစ်ဝကြီးပေးခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မေမြင့်မိုရ်တို့မောင်နှမရဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Kyaw Thu's FB 

Photo Credit- Kyaw Thu's FB
Photo Credit- Kyaw Thu's FB
Photo Credit- Kyaw Thu's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။