တိရိစ္ဆာန်တို့ပေါ်တွင် လူတို့ထင်မြင်ယူဆချက်များဖြစ်သည့် တစ်တီတူးငှက်သည် မိုးပြိုမည် စိုးသဖြင့်ဇောက်ထိုးအိပ်တတ်ကြတယ်၊ မိကျောင်းတွင် လျှာမရှိ၊ ဗျိုင်းသည်လေဥအုသည် စသဖြင့် ပါးစပ်ရာဇဝင်များကို ပရိသတ်ကြီးတို့ ကြားဖူးနားဝရှိကြမှာဖြစ်ပါတယ်...။ ထို့ကဲ့သို့ ထင်မြင်ယူဆချက်များကို ပြောဆိုရာတွင် မြန်မာနိုင်ငံတွင်သာမကဘဲ၊ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတွင် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကျယ်ပြန့်စွာ ရှိနေပါတယ်...။

Photo credit pngtree

လူသားတို့၏ စိတ်သည် အမြဲကြံဆတွေးတောနေလေ့ရှိသည်ဖြစ်ရာ အဖြေရှာမရသည့် သဘာဝဆန်းကျယ်ဖြစ်ရပ်များကို မိမိတို့သိရှိထားသည့် ကိုယ်ပိုင်ရှင်းပြချက်များ၊ သီအိုရီများဖြင့် ဖြည့်ဆန်းရန်ကြိုးစားလေ့ရှိကြပါတယ်...။ လူသားတို့ တွေးတောကြံဆထားသော အချို့ပါးစပ်ရာဇဝင်များက အမှန်တရားနှင့် များစွာဝေးကွာနေသော်လည်း နားထောင်သူများ စိတ်ဝင်စားလာကြစေရန် ပုံပြင်များ၊ ဒဏ္ဍာရီများအဖြစ် ချဲ့ထွင် ပုံဖော်ပြောဆိုတတ်ကြပါတယ်...။ တိရိစ္ဆာန်တို့နှင့် ပတ်သက်သည့် အချို့သော ဒဏ္ဍာရီဆန်ဆန် ပုံပြင်များက သဘာဝကျကျ လက်ခံနိုင်ဘွယ်ရာမရှိသော်လည်း တိရိစ္ဆာန်တို့၏ ထူးခြားသော စရိုက်လက္ခဏာသွင်ပြင်များ အများဆုံးပါဝင်နေသည်ကို တွေ့ရှိနိုင်ပါတယ်...။ ယင်းတို့အနက် "ရွှေငါးသည်တို့သည် ၃ စက္ကန့်မျှ မှတ်မိနိုင်ကြတယ်.."ဆိုတဲ့ ပါးစပ်ပြော ယုံတမ်းစကားနဲ့ ပတ်သက်ပြီး ဟုတ်၊ မဟုတ်ဆိုတာကို ဗဟုသုတဖြစ်ဖွယ် ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်...။

Photo credit pngtree

စဉ်းစားတွေးခေါ်တတ်သော လူသားတို့သည် မှတ်ဉာဏ်အနည်းငယ်ဖြင့်လည်း စဉ်းစားကြရသည်ကို နှစ်သက်ကြပါတယ်...။ ရွှေငါးတစ်ကောင်သည်လည်း သူ့ကိုထည့်ထားသည့် "ငါးအိမ်တွင်းပတ်ကာ"ထဲ ရေကူးတိုင်း အတွေ့အကြုံသစ် တစ်ခုကိုရသည့် အလားနှစ်သက်စွာ ကူးခတ် ကြစမြဲဖြစ်ပါတယ်...။ အမှန်စင်စစ်တွင်မူ (သူသည် သုံးစက္ကန့်မျှမှတ်ထားသော ဉာဏ်ဖြင့် ရေကူးနေသည်မဟုတ်ပါဘူး..။) လေ့လာချက်များအရ ရွှေငါးတစ်ကောင်သည် သူ့ကို သင်ထားသမျှ သုံးလ လောက်အထိကို မှတ်မိနိုင်သည်ဟု ဆိုပါတယ်...။ ရှုပ်ထွေးသည့် အလုပ်များကို လုပ်ဆောင်ရန်လည်း သင်ကြားပေးနိုင်ပါတယ်...။ ရွှေငါးတို့သည် ငှက်တစ်ကောင်နီးပါးမျှ ဉာဏ်ရည်ထက်မြက်မှုရှိနိုင်ပါတယ်...။ စာဖတ်ပရိသတ်ကြီးရေ..ရွှေငါးမှတ်ဉာဏ် မြင့်မားမှု ရှိ၊မရှိနဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်လေးတွေ ပေးသွားပါဦးနော်...။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။