ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော်လေးတွေထဲမှာ သရုပ်ဆောင် အဆိုတော် နန်းမြန်ဖြိုးသင်းကလည်း အောင်မြင်တဲ့ ပြည်သူချစ်အနုပညာရှင် မင်းသမီးချောတစ်ဦးပါပဲ..။

ပရိသတ်အားပေးဝန်းမှုတွေ အခိုင်အမာနဲ့ အောင်မြင်နေသလို့ ချစ်စရာကောင်းလွန်းတဲ့ သားသားလေးကိုလည်း ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေသူလေးလည်း ဖြစ်ပါတယ်..။


Photo Credit - Nann Myat Phyo Thinn’s Facebook
Photo Credit - Nann Myat Phyo Thinn’s Facebook

ပရိသတ်တွေရဲ့ အချစ်ောတ်လေး နန်းမြတ်ဖြိုးသင်းကတော့ သူမရဲ့အနုပညာ လှုပ်ရှားမှုလေးတွေအပြင် မိသားစုပုံရိပ်လေးတွေကို အမြဲပြန်လည်မျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း သူမရဲ့အပျော်လေးတွေကို ချစ်ပရိသတ်တွေကို မျှဝေထားပါသေးတယ်..။

နေ့မနား ညမနား သားသားလေးကို ထိန်းရလို့ အိပ်ရေးပျက်နေရတဲ့ သူမကို ဆုချတဲ့အနေနဲ့ I Phone 11 Pro Max ကို လက်ဆောင်ဝယ်ပေးတဲ့ ချစ်ခင်ပွန်းကြောင့် နန်းမြတ်လေးတစ်ယောက် အရမ်းတွေ ပျော်နေတာ ဖြစ်ပါတယ်နော်..။


Photo Credit - Nann Myat Phyo Thinn’s Facebook
Photo Credit - Nann Myat Phyo Thinn’s Facebook

ချစ်ခင်ပွန်းရဲ့ လက်ဆောင်လေးကြောင့် အရမ်းတွေ ပျော်နေလို့ ပါးစပ်စိလို့ မရလောက်ဘူးဆိုပြီးတော့လည်း အမှတ်တရလေးတွေကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြောပြထားတာပါနော်..။

“ဟီး

သိပ်မပျော်ရှာပါဘူးလေ ပါးစပ်စိလို့မရရုံလေးပဲ

သားကြောင့်အိပ်ရေးပျက်တာတွေများလို့ဆုချတာတဲ့

မျောက်မတယောက်အုန်းသီးရပီ

ရမ်းချစ်တယ်ယောကျ်ားရေ..” ဆိုပြီး နန်းမြတ်လေးက အပျော်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Nann Myat Phyo Thinn’s Facebook
Photo Credit - Nann Myat Phyo Thinn’s Facebook

Photo Credit - Nann Myat Phyo Thinn’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။