ပရိသတ်ကြီးရေ မင်းသမီးချောမိုးယုစံကတော့ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းပြန်လည်လုပ်ဆောင်လာပြီး မိသားစုအတွက်လည်း အချိန်အပြည့်ပေးကာဂရုစိုက်နေတာဖြစ်ပါတယ်။မိုးယုစံရဲ့သားလေးကတော့ ပရိသတ်ကြီးရဲ့မျက်စိရှေ့မှာတင် တဖြည်းဖြည်းကြီးလာပြီး တစ်နေ့တစ်ခြားပိုပိုချစ်စရာကောင်းလာတာကို တွေ့ရပါတယ်နော်။

Photo Credit:Kaung Theinkha Moe Thu's Facebook
Photo Credit:Kaung Theinkha Moe Thu's Facebook

မေမေမိုးယုစံကလည်း သားလေးကို ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာအောင် သေချာပြုစုစောင့်ရှောက်ပြီး ပိုးမွေးသလိုမွေးထားတာဖြစ်ပါတယ်။မိုးယုစံရဲ့ခင်ပွန်းကလည်း အားတဲ့အချိန်တိုင်းမှာ မိန်းမနဲ့သားလေးကို အချိန်ပေးပြီးကြင်နာယုယပေးပါတယ်နော်။ကောင်းသိင်္ခမိုးသူလေးက စကားတွေလည်းတီတီတာတာပြောတတ်ပြီး အေးဆေးနေတတ်တဲ့ကလေးလေးပဲဖြစ်ပါတယ်။

Photo Credit:Kaung Theinkha Moe Thu's Facebook
Photo Credit:Kaung Theinkha Moe Thu's Facebook

အခုဆိုရင်တော့ ကောင်းသိင်္ခမိုးသူလေးက မေမေမိုးယုစံနဲ့အတူတူ ကလေးအင်္ဂလိပ်သီချင်းလေးတစ်ပုဒ်ကို သီဆိုပြီး အမူအရာလေးတွေကို လိုက်လုပ်ပြနေတာဖြစ်ပါတယ်။မေမေမိုးယုကလည်း သားလေးရဲ့ ချစ်စရာအမူအရာလေးတွေကိုကြည့်ပြီး လက်ခုပ်တီးပြီး သီချင်းတွေဆိုပေးနေကာ သားအမိနှစ်ယောက်ရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Kaung Theinkha Moe Thu's Facebook
Photo Credit:Kaung Theinkha Moe Thu's Facebook

Photo Credit:Kaung Theinkha Moe Thu's Facebook

Video Credit:Kaung Theinkha Moe Thu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။