ပရိသတ်ကြီးရေ....ဉာဏ်တော်အမြင့်ဆုံး စာရင်းဝင်ထားကြတဲ့ ဗုဒ္ဓရုပ်ပွားတော်များ ပုံရိပ်နှင့် ထိုင်းနိုင်ငံမှ ထူးဆန်းဖွယ်မြင်တွေ့ရမယ့် ဗုဒ္ဓရုပ်ပွားတော် အကြောင်းကို ဗုဒ္ဓဘာသာဝင်တို့ ကြည်ညိုသဒ္ဓါပွားဖို့ရန် ရည်ရွယ်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ်...။ ဂျပန်နိုင်ငံ ကမာကုယ (Kamakura) တွင်တည်ထားကိုးကွယ်နေတဲ့ "Kotoku" (ကိုတိုကို) ဗုဒ္ဓရုပ်ပွားတော်သည် ဉာဏ်တော် အမြင့်ဆုံး စာရင်းထဲတွင် ပါဝင်ပါတယ်...။ ကြေးဝါဖြင့်ထုလုပ် ထားပြီး ပေ 40 မြင့်ကာ အလေးချိန် 93 တန်လေးပါတယ်...။ 1252 ခုနှစ်တွင် "Joko" ဘုန်းကြီးမှ တည်ထားကိုးကွယ်ခဲ့ပါတယ်...။ "15 th" ရာစုနှစ် တွင် စူနာမီ လှိုင်းဒဏ်ခံခဲ့ရပါသေးတယ်....။

Photo credit Once A Glance Page

လရှန်းဗုဒ္ဓ (Lashan Buddish) - တရုတ်နိုင်ငံ အနောက်ပိုင်း တောင်ကမ်းပါးရံတွင် "Tang" ဘုရင်မင်းဆက် 713 AD မှာထုလုပ်ခဲ့ပြီး 803 AD နှစ်ပေါင်း 90 ကြာအောင် ထုလုပ်ခဲ့ရပါတယ်...။ လက်ချောင်းတော် တစ်ချောင်းဟာ 11 ပေခန့် ရှည်လျားတာဖြစ်ပါတယ်...။ တီရန်တန် (Tian Tan ) ဗုဒ္ဓရုပ်ပွားတော်ကို ဟောင်ကောင်မှာ တည်ထားကိုးကွယ်ပြီး အောက်ခြေမှာ ပဒုမ္မာကြာ ပလ္လင် အထပ်သုံးထပ် ခံကာ တည်ထားပါတယ်...။ ညာဘက် လက်တော်မှာ အို၊နာ၊သေ ဆိုတဲ့ အဓိပ္ပါယ် ဖေါ်ဆောင်ကာ ဘယ်ဘက် လက်တော် ကတော့ လူတွေရဲ့ စိတ်ဓါတ်ကို သတိဖြင့် ယှဉ်ရန် အဓိပ္ပါယ် ဖေါ်ဆောင်ထားတာဖြစ်ပါတယ်...။

Photo credit Once A Glance Page

ထိုင်းနိုင်ငံ အယုတ္တရ မြို့တွင် ရုပ်ထု၏ ကိုယ်ခန္ဓာတော်ကို သစ်ပင် မှ ဝါးမြိုထားသောကြောင့် မျက်နှာတော်ပုံသာ ဖူးမြင်ရပါတယ်...ထိုင်းမြန်မာ စစ်ပွဲ လက်ကျန် ရုပ်ပွားတော်တစ်ဆူရဲ့ ပုံရိပ်တစ်ခုပဲဖြစ်ပါတယ်...။ ထိုင်းမြန်မာစစ်ပွဲကြောင့် ဗုဒ္ဓရုပ်ပွားတော်များ ပျက်စီးခဲ့သည်ဟု ခန့်မှန်းရပါတယ်...။ အနုပညာသတင်း၊ အားကစားသတင်း၊ ဗဟုသုတသတင်းစုံလင်ကို ကျွန်ုပ်တို့ Myanmarload page ကနေ အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေတာမလို့ လက်မလွတ်တမ်းစောင့်ကြည့်အားပေးကြပါဦးနော်....။

source Once A Glance Page

Photo credit Once A Glance Page

Photo credit Once A Glance Page
Photo credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။