ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက အခိုင်အမာရရှိထားတဲ့ အဆိုတော် အောင်ရင်နဲ့ မိန်းကလေးပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ မင်းသားချောမိုးအောင်ရင်တို့ သားအဖကတော့ အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်နေကြသူတွေပဲ ဖြစ်ပါတယ်..။
ဦးအောင်ရင်ရဲ့ တေးသီချင်းကောင်းတွေကတော့ ပရိသတ်တွေရဲ့ ရင်ထဲ ယနေ့အချိန်ထိ အခိုငအမာနေရာယူထားနိုင်သလို မင်းသားချောလေးမိုးအောင်ရင်ကလည်း ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်ကားတွေများစွာ ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားသူပဲ ဖြစ်ပါတယ်နော်..။
မတူညီတဲ့ အနုပညာနယ်ပယ်တွေကနေ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ဦးအောင်ရင်တို့ သားအဖနှစ်ယောက်ကတော့ အခုတစ်ခါမှာလည်း သုံးယောက်ပေါင်းလောင်းကျော် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show အခမ်းအနားပွဲလေးကိုလည်း အတူ တက်ရောက်လာခဲ့ပါတယ်နော်..။
အခမ်းအနားပွဲလေးကို ဆင်တူအင်္ကျီဝတ်စုံလေးတွေနဲ့ အတူတက်ရောက်လာခဲ့ကြပြီး အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံနှုတ်ဆက်ကြရင်း မိုးအောင်ရင်ကတော့ သူငယ်ချင်းဖြစ်တဲ့ မင်းသမီးချောလေးစံရတီမိုးမြင့်နဲ့လည်း ပျော်ပျော်ပါးပါးဓာတ်ဖမ်းခဲ့ကြပါသေးတယ်..။
မိုးအောင်ရင်နဲ့ မင်းသမီးချောလေး စံရတီမိုမြင့်တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ “သုံးယောက်ပေါင်းလောင်းကျော်” ဟာသရုပ်ရှင်ဇာတ်ကားကြီးရဲ့ အခမ်းအနားပွဲလေးကိုလည်း အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်နော်..။
ချစ်ပရိသတ်တွေအတွက် လတ်တလောမှာတော့ ဦးအောင်ရင်နဲ့ မိုးအောင်ရင်တို့ သားအဖနဲ့ မင်းသမီးချောလေး စံရတီမိုးမြင့်တို့ရဲ့ အခမ်းအနားပွဲတက်ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
Photo By Myanmarload
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။