ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီခင်ဇာခြည်ကျော်ဟာဆိုရင် သားတစ်ယောက် သမီးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး သားသမီးနှစ်ယောက်ကလည်း သိတတ်နားလည်တဲ့အရွယ်ရောက်နေကြပြီဖြစ်လို့ ခင်ဇာခြည်ကျော်အတွက် အားကိုးလို့ရနေပြီဖြစ်ပါတယ်နော်။ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကိုတစိုက်မက်မက်လုပ်ဆောင်နေဆဲဖြစ်တဲ့ ခင်ဇာခြည်ကျော်က အနုပညာဝါသနာပါတဲ့သားနဲ့သမီးကိုလည်း လက်တွဲပြီးခေါ်ဆောင်ပါတယ်နော်။

Photo Credit:Htin Thitsar&Khinzar Chikyaw Zar's Facebook
Photo Credit:Htin Thitsar&Khinzar Chikyaw Zar's Facebook
Photo Credit:Htin Thitsar&Khinzar Chikyaw Zar's Facebook

ဘုန်းမင်းနေလနဲ့ထင်သစ္စာတို့မောင်နှမနှစ်ယောက်ကလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေလည်းရရှိနေပြီဖြစ်ပါတယ်။ဘုန်းမင်းကတော့ ရွှေကြိုကနေစပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်လာကာ စင်ကာပူမှာလည်းကျောင်းသွားတတ်ပါသေးတယ်နော်။မောင်နှမနှစ်ယောက်လုံးက အမေနဲ့တူကြလို့ အချောလေးတွေဖြစ်ပြီး နောင်တစ်ချိန်မှာတောက်ပလာမယ့်ကြယ်ပွင့်လေးတွေပါ။

Photo Credit:Htin Thitsar&Khinzar Chikyaw Zar's Facebook
Photo Credit:Htin Thitsar&Khinzar Chikyaw Zar's Facebook
Photo Credit:Htin Thitsar&Khinzar Chikyaw Zar's Facebook

သမီးငယ်လေးထင်သစ္စာကလည်း အငယ်ဆုံးဆိုပေမယ့် ထူးချွန်ထက်မြက်ပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေးဖြစ်ပါတယ်။မေမေခင်ဇာခြည်ကျော်နဲ့အတူ ပွဲအခမ်းအနားတွေကိုလည်းတက်ရောက်ပြီး ရှိုးတွေလည်းအတူတူလျှောက်ပါတယ်နော်။ဖူးပွင့်စပန်းလေးတစ်ပွင့်လိုချစ်စရာကောင်းတဲ့ ထင်သစ္စာလေးက အခုဆိုရင်တော့ အေးချမ်းတဲ့မနက်ခင်းလေးမှာ ငှက်လေးတွေကိုအစာကျွေးပြီး ကြည်လင်အေးချမ်းနေတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Htin Thitsar&Khinzar Chikyaw Zar's Facebook
Photo Credit:Htin Thitsar&Khinzar Chikyaw Zar's Facebook
Photo Credit:Htin Thitsar&Khinzar Chikyaw Zar's Facebook

Photo Credit:Htin Thitsar&Khinzar Chikyaw Zar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။