ပရိသတ်တွေရဲ့ စံပြစုံတွဲလေးအဖြစ် ရပ်တည်လျက်ရှိနေတာကတော့ ရွှေထူးနဲ့ရွှေမှုံတို့ဇနီးမောင်နှံပါ။ သူတို့နှစ်ယောက်လုံးဟာ အသက်ငယ်ငယ်လေးတွေနဲ့ အောင်မြင်မှုသရဖူပေါင်းများစွာကို ရရှိပိုင်ဆိုင်ထားကြတာပါ။ တစ်ယောက်ကိုတစ်ယောက် အမြဲတမ်းလိုလို ရိုမက်တစ်ဆန်လွန်းတာလေးတွေဟာလည်း ပရိသတ်တွေကို အားကျစေတာပါ။  

Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook

သူတို့နှစ်ယောက်လုံးဟာ လတ်တလောမှာလည်း အပန်းဖြေခရီးတိုလေးတွေ မကြာခဏထွက်ဖြစ်နေကြတာပါ။ ခရီးသွားပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကိုလည်း သူတို့နှစ်ယောက်ရဲ့ Facebook Myday လေးမှာ တင်လေ့ရှိတာပါ။ ဒီမနက်မှာလည်း Trip ဆိုပြီး ဗီဒီယိုလေးတစ်ခုကို ရွှေမှုံရဲ့ Facebook myday လေးမှာ တင်ထားတာပါ။  

Photo Credit - Shwe Hmone Yati's Facebook Myday
Photo Credit - Htoo Khant's Facebook Myday
Photo Credit - Shwe Hmone Yati's Facebook Myday

မနေ့ကလည်း ရွှေထူးရဲ့ Facebook Myday လေးမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ရှော့ပင်ထွက်တာကို မညည်းမညူဘဲလိုက်ပို့ပေးတဲ့ ချစ်ခင်ပွန်းကြောင့် ကြည်နူးပျော်ရွှင်နေတဲ့ ရွှေမှုံလေးရဲ့ Video လေးပါ။ ရွှေထူးကတော့ ရွှေမှုံကို တစိမ့်စိမ့်ကြည့်နေရင်းနဲ့ကို အချစ်စိတ်တွေ ပိုပိုတိုးတိုးလာတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Htoo Khant's and Shwe Hmone Yati's Facebook Myday

Photo Credit - Htoo Khant's and Shwe Hmone Yati's Facebook Myday  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။