နှုတ်ခမ်းနီမလေးတွေရဲ့အသည်းတစ်ခုလုံးကိုဖမ်းစားထားနိုင်သူကတော့ သရုပ်ဆောင် ဒေါင်းပါ။ သူ့ရဲ့သရုပ်ဆောင် ပီပြင်မှုများကြောင့် အချိန်တိုအတွင်းမှာ ပရိသတ်လက်ခံလာနိုင်တဲ့ ပြည်သူချစ်မင်းသားအဖြစ် ​ရောက်ရှိလာတာပါ။ ဒေါင်းရဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေအများအပြားအားပေးတာကိုခံခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားအဖြစ် ရပ်တည်နေတာပါ။  

Photo Credit- Daung’s Facebook Page
Photo Credit- Daung’s Facebook Page
Photo Credit- Phway Phway’s Facebook Page

လတ်တလောမှာတော့ ထိပ်တန်းမင်းသမီးချောလေး ဖွေးစိန်လေးနဲ့အတူ “ Love Equations “ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတာပါ။ ဒီဇာတ်ကားကြီးထဲမှာ ဒေါင်း ၊ဖွေးဖွေးနဲ့အတူ နာမည်ကြီးသရုပ်ဆောင် များလည်း ပါဝင်ကြတာပါ။ သူတို့နှစ်ယောက်ရဲ့ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို ဝေမျှလေ့ရှိတာပါ။

Photo Credit- Daung’s Facebook Page
Photo Credit- Daung’s Facebook Page
Photo Credit- Phway Phway’s Facebook Page

အခုတစ်ခါမှာလည်း ဒီဇာတ်ကားကြီးရဲ့နောက်ကွယ်က ဗီဒီယိုလေးနှစ်ခုကို ဒေါင်းရဲ့Instagram လူမှုကွန်ယက်တွင် တင်ထားတာပါ။ ဒါကတော့ နှစ်ယောက်သားအခွီပုံစံလေးတွေလုပ်ကာ ပျော်ရွှင်နေကြတဲ့ ဒေါင်းနဲ့ဖွေးစိန်လေးရဲ့ ဗီဒီယိုလေးပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- Daung- Actor’s Instagram

Photo Credit- Phway Phway’s And Daung’s Facebook Page

View this post on Instagram

Love Equation Day19 #daungactor #peachicksdaung

A post shared by Thuya Aung (@daung_actor) on

View this post on Instagram

Love Equation Day19 #daungactor #peachicksdaung

A post shared by Thuya Aung (@daung_actor) on

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။