ဧရာဝတီတိုင်းဒေသကြီးအဆင့် MPT အသက် (၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်ဖြစ်သည့် မြောင်းမြအသင်းနှင့် ဟင်္သာတ(က)အသင်းတို့ပွဲစဉ်ကိုယနေ့မနက် ရး၃၀တွင်ပုသိမ်မြို့ ကျောက်တိုင်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဟင်္သာတ(က)အသင်းမှ မြောင်းမြအသင်းကို ၁-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

ပွဲတွင် ဟင်္သာတ(က) အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ကျောနံပါတ်(၁၀) သန်းလင်းကိုမှ ပွဲကစားချိန် ၃၂မိနစ်တွင် သွင်းယူပေးခဲ့ပြီး ဗိုလ်လုပွဲသို့တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ယနေ့ညနေ၃း၃၀တွင်လည်း အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဉ်အဖြစ် ပုသိမ်(ဂ)အသင်းနှင့် မအူပင်(ခ)အသင်းတို့ယှဉ်ပြိုင်ကစားသွားမှာပဲ ဖြစ်ပါတယ်။

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

ဟင်္သာတ(က)အသင်းကတော့ ဗိုလ်လုပွဲမှာ ပုသိမ်(ဂ)အသင်းနှင့် မအူပင်(ခ)အသင်းတို့ထဲက အနိုင်ရရှိတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။ မြန်မာဘေဘာလုံးလောကအတွက် အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွက်လာရေးအတွက် ရည်ရွယ်ပြီး အသက် (၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲတွေကို မြန်မာနိုင်ငံအနှံ ကျင်းပနေတာပဲ ဖြစ်ပါတယ်။

source: Myanmar National League ' s facebook  

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။