စူစူလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြသူလေးကတော့ ပြည်သူချစ်မင်းသမီးချောလေး အိချောပိုပါ။ သူမ ပါဝင်သရုပ်ဆောင်တဲ့ဇာတ်ကားတိုင်းကိုလည်း အပိုလိုမရှိကွက်တိသရုပ်ဆောင်နိုင်တဲ့ မင်းသမီးလေးတစ်လက်ပါ။ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးများသာမကဘဲ ရုပ်သံဇာတ်လမ်းတွဲများပါ ရိုက်ကူးနေရတာပါ။  

Photo Credit - Ei Chaw Po's Facebook
Photo Credit - Ei Chaw Po's Facebook
Photo Credit - Ei Chaw Po's Facebook

သူမရဲ့ အနုပညာသက်တမ်းဟာလည်း ဆယ်စုနှစ်ကျော်တိုင်ခဲ့ပြီဖြစ်ပြီး ယနေ့ချိန်ထိ ပရိသတ်တွေက ချစ်ခင်အားပေးနေရတဲ့ ထိပ်တန်းမင်းသမီး တစ်လက်အဖြစ်ရပ်တည်လျက် ရှိနေတာပါ။ စူစူရဲ့ ကြော်ငြာလေးတွေဟာလည်း ကြည့်ရှုသူပရိသတ်တွေကို အခါခါပြန်ကြည့်ရလောက်အောင် ဆွဲဆောင်နိုင်လွန်းသူပါ။ အခုလတ်တလောမှာလည်း " ဆုံဆည်းခွင့် " ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးကို သရုပ်ဆောင်ပေါင်းများစွာနဲ့ ရိုက်ကူးနေတာပါ။ ဒီရုပ်သံဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင် ခင်လှိုင်ရဲ့သမီးချောလေးဖြစ်တဲ့ သဇင်ထူးမြင့်နဲ့အတူ ပထမဆုံးရိုက်ကူးခြင်းပါ။  

Photo Credit - Ei Chaw Po's Facebook
Photo Credit - Ei Chaw Po's Facebook
Photo Credit - Ei Chaw Po's Facebook

အခုမှာလည်း ရှုတင်အားလပ်ချိန်လေးမှာ ကလေးတစ်ယောက်လို မုန့်တွေအများကြီးစားပြီး ပျော်ရွှင်မြူးတူးနေတဲ့ အိချောပိုကို ဆေးထိုးထားတဲ့ ဗီဒီယိုလေးပါ။ စူစူကတော့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း " နဲနဲလေးစားတာပါနော်." ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Ei Chaw Po's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။