ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် ဟိုးအရင်ကတည်းက ဗီဒီယိုဇာတ်ကားတွေ ကြော်ငြာတွေအများအပြာမှာတွေ့မြင်ခဲ့ရတဲ့ မင်းသားချောလေး အိစိကွေးဟာဆိုရင် အခုချိန်မှာ လူပျိုပေါက်အရွယ်ကိုရောက်ရှိနေပြီး ပျိုမဒီလေးတွေဝိုင်းဝိုင်းလည်နေရတဲ့ မင်းသားချောလေးတစ်လက်ဖြစ်ပါတယ်။အိစိကွေးက လက်တလောမှာလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး အနုပညာနဲ့မဝေးကွာသွားပါဘူးနော်။

Photo Credit:Eisi Kway's Facebook
Photo Credit:Eisi Kway's Facebook
Photo Credit:Eisi Kway's Facebook

အိစိကွေးက လူငယ်ပီပီပေါ့ပါးလွတ်လပ်စွာနေထိုင်တတ်ပြီး မိဘအပေါ်မှာလည်း သိတတ်လိမ္မာပြီးလုပ်ကျွေးပြုစုပေးနေတဲ့ သားကောင်းရတနာလေးဖြစ်ပါတယ်။စိတ်ထားလေးကလည်းဖြူစင်မွန်မြတ်ပြီး မာန်မာနကင်းမဲ့ကာ လူတန်းစားမရွေးဖော်ရွေစွာဆက်ဆံတတ်သူဖြစ်တဲ့အပြင် အကူအညီလိုအပ်သူတိုင်းကိုလည်း စိတ်ရောကိုယ်ပါအပင်ပန်းခံပြီးကူညီပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း အိစိကွေးက မချမ်းသာပေမယ့် စိတ်ကောင်းနှလုံးကောင်းထားရှိတဲ့အကြောင်းကို အောက်ပါအတိုင်းရေးသားထားပါတယ်နော်။

Photo Credit:Eisi Kway's Facebook
Photo Credit:Eisi Kway's Facebook
Photo Credit:Eisi Kway's Facebook
Photo Credit:Eisi Kway's Facebook

"မချမ်းသာဘူးဗျာ လိုအပ်လာမယ်ဆိုရင် အဆင်ပြေအောင် ဘယ်နေရာကဖြစ်ဖြစ် ဝင်ကူချင်တဲ့ သူဗျ လူထဲက လူဆိုပေမယ့် တန်ဖိုးရှိတဲ့လူဖြစ်ချင်တယ် အများကို အကျိုးပြုတဲ့ လူပဲဖြစ်ချင်တယ် အကူအညီလိုအပ်လာတိုင်း ချက်ချင်းထလုပ်ပေးနိင်တဲ့လူဖြစ်ချင်တယ် နိင်ငံနဲ့ ကိုယ့်မိဘ ကို အကျိုးပြုတဲ့ ယောက်ျားကောင်းဖြစ်ချင်တယ် ကျွန်တော့ကိုဘယ်လောက်ပဲဆိုးတယ်ပြောပြော အဲ့လိုပြောနေတဲ့လူတွေ လိုအပ်လာမယ်ဆိုရင် တတ်နိင်သလောက် ကူညီပေးချင်တဲ့သူနောက်ထပ်လည်း လူတိုင်းကိုအကျိုးပြုနိင်တဲ့သူဖြစ်အောင် ကြိုးစားနေဦးမယ်"ဆိုပြီးရေးသားမျှဝေထားပါတယ်နော်။

Photo Credit:Eisi Kway's Facebook
Photo Credit:Eisi Kway's Facebook
Photo Credit:Eisi Kway's Facebook
Photo Credit:Eisi Kway's Facebook

Photo Credit:Eisi Kway's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။