အဆိုတော်အဖြစ်ကနေ သရုပ်ဆောင်ပိုင်းကို ဦးစားပေးလုပ်ကိုင်လာခဲ့တဲ့ ထွန်းထွန်းကတော့ အကယ်ဒမီရွှေစင်ရုပ်တုပိုင်ရှင်ကိုလည်း ပိုင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။ အနုပညာနဲ့ပတ်သက်ရင် တကယ့်ကိုအရည်အချင်းအပြည့်ရှိတဲ့ ထွန်းထွန်းက နှင်းဆီအဖွဲ့မှာလည်း လူရွှင်တော်အဖြစ် ပါဝင်တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့မှာဆိုရင်လည်း ထွန်းထွန်းရဲ့ပြက်လုံးတွေနဲ့ သရုပ်ဆောင်ချက်တွေက ပရိသတ်တွေကိုပျော်ရွှင်ရယ်မောစေနိုင်တာ ဖြစ်ပါတယ်။

Photo Credit- Htin Aung Htun's FB
Photo Credit- Htin Aung Htun's FB

လက်ရှိမှာတော့ ထွန်းထွန်းက ချောမောလှပတဲ့ချစ်သူကောင်မလေးနဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်ခရီးလမ်းလေးကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာကျရောက်တဲ့ ချစ်သူလေးရဲ့မွေးနေ့မှာဆိုရင်လည်း ထွန်းထွန်းက အမှတ်တရမွေးနေ့ဆုမွန်ကောင်းလေးတွေ တောင်းဆိုပေးထားပါတယ်။ ပရိသတ်တွေကလည်း ထွန်းထွန်းတို့စုံတွဲလေးကို သဘောကျနေကြပြီး အားပေးချစ်ခင်နေရတာ ဖြစ်ပါတယ်။

Photo Credit- Sam Dara's FB
Photo Credit- Sam Dara's FB
Photo Credit- Sam Dara's FB

ထွန်းထွန်းက " Happy Lovely Birthday ပါချစ်သူလေးရေ. ခုမွေးနေကနေနောင်နှစ်ပေါင်းမြောက်မြားစွာအစစအရာရာ စိတ်ချမ်းသာပျော်ရွှင်ပါစေ. လိုအင်ဟူသမျှ အကုန်ပြည့်ဝပြီးဖြစ်ချင်တဲ့ ရည်မှန်းချက်အားလုံးပြည့်စုံပါစေ. ကိုကို့ကိုလည်း အခုထက်ပိုပြီးအများကြီးပိုချစ် ပိုနားလည် ပိုဂရုစိုက်ပေးပါနော်. အရမ်းပျော်စရာကောင်းတဲ့ အခိုက်အတည့်ပေါင်းများစွာကိုအတူတူဖန်တီးကြမယ်နော်. အရမ်းချစ်တယ်." ဆိုပြီး ချစ်သူလေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit- Htin Aung Htun's FB & Sam Dara's FB  

Photo Credit- Sam Dara's FB
Photo Credit- Htin Aung Htun's FB
Photo Credit- Htin Aung Htun's FB
Photo Credit- Sam Dara's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။