ပရိသတ်ကြီးရေ....ဒီတစ်ခါမှာတော့ ၁၈၀၄ခုနှစ်တွင် သွန်းလုပ်ခဲ့တဲ့ "Silver Dollar" ငွေစင်ဒေါ်လာ ဒင်္ဂါးပြားအကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ ရွှေ၊ငွေ၊ကြေးဒင်္ဂါးများကို ငွေကြေးသုံးစွဲမှု စနစ်တစ်ခုအဖြစ် နိုင်ငံအသီးသီးတွင် ရှေးနှစ်ပေါင်းများစွာကတည်းက သွန်း လုပ်ခဲ့ကြတာဖြစ်ပါတယ်...။ ယခုအချိန်တွင် သုံးစွဲမှု မရှိတော့သည့် ခေတ်ဟောင်း ရှားပါး ဒင်္ဂါးများအားနိုင်ငံတကာ ဈေးကွက်တွင် တန်ဖိုး အလွန်မြင့်မားစွာပေး၍ ဝယ်ယူကြရ၊လေလံဆွဲကြရပါတယ်...။ သမိုင်းမတင်မီက သွန်းလုပ်ခဲ့သည့် အချို့သော ဒင်္ဂါးများသည် ဝယ်ယူလို့ မရနိုင်တော့တာဖြစ်ပါတယ်...။

photo credit pngtree

ဒင်္ဂါးပြားများစုဆောင်းသည့် ဝါသနာသည် ယနေ့ကမ္ဘာတွင် ရေပန်းစားပြီး လူကြိုက်များလျက်ရှိပါတယ်...။ ဒင်္ဂါးပေါ်တွင်ရေးထိုးထားသည်မှာ သတ္တုအပိုင်းအစ တစ်ခုဖြစ်သော်လည်း မူလတန်ဖိုးထက် အဆပေါင်းများစွာ တန်ကြေးမြင့်မားနေသည်မှာ သမိုင်းတွင်အရေးပါမှု၊ အလွန်ရှားပါးမှု၊သွန်းလုပ်ရာတွင် မှားယွင်းခဲ့မှု စသည်တို့ကြောင့် မယုံနိုင်လောက်အောင် ဒေါ် လာ သန်းနှင့်ချီကာ ဈေးပေါက်နေတာဖြစ်ပါတယ်...။ သို့ဖြစ်ရာ ကမ္ဘာပေါ်တွင် အရှားပါးဆုံးနှင့် ဈေးအကြီးဆုံးဒင်္ဂါးများသည် အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပြီး ထိုဒင်္ဂါပြားများထဲတွင် ငွေစင်ဒေါ်လာ ဒင်္ဂါးသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်...။

photo credit pngtree

၁၈၀၄ ဒင်္ဂါးဟု ခေါ်ကြသော ငွေစင်ဒေါ်လာ ဒင်္ဂါးသည် ၁၈၀၄ ခုနှစ်တွင် သွန်းလုပ်ခဲ့ခြင်းမဟုတ်ဘဲ ၁၈၃၀ ပြည့်နှစ် တွင် သွန်းလုပ်ခဲ့ခြင်းဖြစ်ပါတယ်...။ လွတ်လပ်ရေးရုပ်ထုပါ အမျိုးသမီး၏ ကိုယ်တစ်ပိုင်းပုံ သရုပ်ဖော်ထားသည့် ယင်းဒင်္ဂါးပြားများအား သံခင်းတမန်ခင်းလက်ဆောင်အဖြစ် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်...။ အမေရိကန်သမ္မတ အင်ဒရူးဂျက်ဆင်က အရှေ့ဖျား နိုင်ငံများသို့ သံအမန်အဖြစ် ပထမဆုံးခန့်အပ်ခြင်းခံရသူ အက်ဒ်မန် ရောဘတ်အား ယိုးဒယားနိုင်ငံသို့ သွားမည့် ချစ်ကြည်ရေးခရီးစဉ်တွင် အသုံးပြုဖို့ရန် အမျိုးအစား အဆင့်သုံးမျိုး ခွဲခြားထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်...။ ယခုအခါတွင်၁၅ ပြားသာကျန်ရှိတော့ရာ ပထမအဆင့်ဒင်္ဂါးပြားသည် တန်ဖိုးအမြင့်ဆုံးဖြစ်ကာ ၁၉၉၉ ခုနှစ်တွင် အိုမန် စော်ဘွားတစ်ဦးက ဒေါ်လာ ၄ ဒသမ ၁ သန်းဖြင့် ရောင်းချခဲ့ပါတယ်...။

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။