မင်းသမီးချောလေး သန္တာဗိုလ်ကတော့ သရုပ်ဆောင်လောကမှာရော မော်ဒယ်လောကမှာပါ အောင်မြင်စွာ လျှောက်လှမ်းနေသူလေး ဖြစ်ပါတယ်။ သန္တာဗိုလ်က သရုပ်ဆောင် မင်းသမီးချောရတနာရဲ့ညီမလေးဖြစ်သလို သရုပ်ဆောင်မင်းသား ကောင်းပြည့်ရဲ့ချစ်သူလေးလည်း ဖြစ်ပါတယ်။ မသိသူမရှိလောက်အောင် နာမည်ရအောင်မြင်နေတဲ့ သန္တာဗိုလ်က လက်ရှိမှာလည်း အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

Photo Credit-Thandar Bo's FB
Photo Credit-Thandar Bo's FB
Photo Credit-Thandar Bo's FB

ဒီရက်ပိုင်းမှာတော့ သန္တာဗိုလ်တစ်ယောက် ဖိတ်ကြားထားတဲ့ ပွဲအခမ်းအနားလေးတွေကို တက်ရောက်နေရပါတယ်။ သန္တာဗိုလ်က Tik Tok ကစားရတာ ဝါသနာပါပြီး အားလပ်ချိန်တိုင်းမှာလည်း Tik Tok ဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။ သန္တာဗိုလ်ရဲ့ Tik Tok ဗီဒီယိုလေးတွေကလည်း လုံးဝအမိုက်စားဖြစ်နေတာကြောင့် အမြဲလိုလို ကြည့်ရှုသူပရိသတ်တွေအများအပြား ရရှိနေတာ ဖြစ်ပါတယ်။

Photo Credit-Thandar Bo's FB
Photo Credit-Thandar Bo's FB
Photo Credit-Thandar Bo's FB

အခုလည်း သန္တာဗိုလ်က ခပ်မိုက်မိုက်ပုံစံလေးနဲ့ အထာကျကျ အိုက်တင်လေးတွေလုပ်ပြပြီး Tik Tok ကစားပြလိုက်ပြန်ပါတယ်။ ထိမိပြင်းရှတဲ့ အလှတရားတွေနဲ့ စွဲမက်ဖွယ်ကောင်းနေတဲ့ သန္တာဗိုလ်က တကယ့်ကို အပြတ်အသတ်ဂေါ်နေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သန္တာဗိုလ်ရဲ့အမိုက်စား Tik Tok ဗီဒီယိုဖိုင်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Thandar Bo's FB & Tik Tok

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။