ဖြူဖွေးဝင်းဥတဲ့ အသားအရည်လေးကို ရရှိပိုင်ဆိုင်ထားသူကတော့ မင်းသမီးချောလေး နန်းဆုရတီစိုးပါ။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အဆိုဘက်တွင်သာမကဘဲ သရုပ်ဆောင်ဘက်မှာပါ ထူးချွန်တဲ့ အနုပညာရှင်တစ်လက်ပါ။ သူမရဲ့ပွဲတက်ဖက်ရှင်များဟာလည်း ပရိသတ်တွေအားလုံးကို သဘောကျနှစ်ခြိုက်စေတာပါ။  

Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook

မကြာသေးခင်ကလည်း သူမ သီဆိုထားတဲ့ သေလို့ရတယ် ဆိုတဲ့ Music video လေးထွက်ရှိထားတာပါ။ ဒီသီချင်းလေးကိုတော့ သရုပ်ဆောင် ရှိန်းတင်ထူးနဲ့အတူ နန်းဆုကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီ Music video လေးဟာ လတ်တလောမှာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးခြင်းကို ရရှိထားတာပါ။  

Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook

နန်းဆုဟာ လတ်တလောမှာလည်း ပွဲအခမ်းအနားတွေ တောက်လျှောက်ဆိုသလို တက်ရောက်နေရတာပါ။ လက်ရှိမှာလည်း မန္တလေးကို ကြော်ငြာရိုက်ကူးမှုတစ်ခုကြောင့် ရောက်ရှိနေတာပါ။ အခုတစ်ခါမှာလည်း မန္တလေးက အထင်ကရအစားအစာများကို လည်ပတ်စားသောက်နေရင်းနဲ့ လမ်းမတစ်ခုမှာရောင်းချနေတဲ့ မုန့်လင်မယားကို ကိုယ်တိုင်ကိုယ်ကျ ကြော်ကာပျော်ရွှင်နေတဲ့နန်းဆုရဲ့ ဗီဒီယိုလေးကို သူမရဲ့ Facebook Myday လေးမှာတင်ထားတာပါ။ ပရိသတ်တွေအတွက် နန်းဆုရဲ့ Video လေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Nansu Yati Soe's Facebook Myday

Photo Credit - Nansu Yati Soe's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။