ပန်နိုင်ငံ၊ Hitachinaka မြို့ မှာ Hitachi ပန်းခြံဟာ နှစ်တိုင်း လိုလို ဧပြီလ ရောက်တိုင်း တစ်မျိုး တစ်ဖုံ အသွင်ပြောင်းလဲသွားလေ့ရှိပါတယ်။ဒီပန်းခြံထဲမှာ အပြာရောင်ပန်းတွေ ပွင့်နေတာဟာ အပြာရောင် ပန်းပင်လယ်ကြီး တစ်ခုလို ဖြစ်သွားပါတယ်။ nemophilas သို့မဟုတ် baby blue eyes လို့ခေါ်တဲ့ အပြာရောင်ပန်းပေါင်း ခန့်မှန်းခြေ ၄ သန်းခွဲ ကျော်ကျော်လောက် ဖူးပွင့်နေခြင်း ဖြစ်ပါတယ်။

Photo Credit : Once A Glance Page
Photo Credit : Once A Glance Page

၁၉ ဟက်တာ ကျယ်တဲ့ Hitachi ပန်းခြံထဲမှာ တစ်နှစ်တာ ပတ်လုံး ပန်းအမျိုးအစား စုံစုံလင်လင် ဖူးပွင့်လေ့ရှိပါတယ်။ ပန်းပင် အမျိုးအနွယ် စုစုပေါင်း ၆၀၀ ကျော်လောက် စိုက်ပျိုးထားပါတယ်။ ဒီပန်းခြံထဲမှာ နှင်းပန်းပင်တွေ သန်းချီ စိုက်ထားပါသေးတယ်။

Photo Credit : Once A Glance Page
Photo Credit : Once A Glance Page

အဆိုပန်းခြံကို နှစ်စဉ်လာရောက်လည်ပတ်သူတွေ များပြားပြီး အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးကြတယ်လို့လည်း သိရပါတယ်။ ထိုပန်းခြံရဲ့ ထူးခြားလှတဲ့ အလှဟာ အပြာရောင်ပန်းချီကားတစ်ချပ်ကားကို ကြည့်နေရသလိုပဲလို့ လူမှုကွန်ယက်တွေပေါ်မှာ ရေးသားထားကြပါတယ်။

Photo Credit : Once A Glance Page
Photo Credit : Once A Glance Page

Source : Once A Glance Page

Photo Source :

Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။