ပရိသတ်ကြီးရေ.....ဒီတစ်ပါတ်မှာတော့ ရှေးခေတ်လူသားတို့ ရေးဆွဲခဲ့ကြတဲ့ အနုပညာလက်ရာမြောက် နံရံဆေးရေးပန်းချီပုံများထဲမှ ဘရာဇီးနိုင်ငံရှိ "Serra da Capivara" ကပိဝရ အမျိုးသားဥယျာဉ်မှ နံရံပန်းချီပုံများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားဖြစ်ပါတယ်...။ ကမ္ဘာအရပ်ရပ်မှ ရှေးဟောင်းသုတေသနပညာရှင်များ၏ စူးစမ်းလေ့လာမှုများကြောင့် ဤကမ္ဘာပေါ်တွင်နေထိုင်ခဲ့ကြသော ရှေးဦးလူသားတို့၏ ရုပ်ကြွင်းများ၊ အသုံးအဆောင်များ၊ အနုလက်ရာများ၊ လက်နက်များကို ဖော်ထုတ်နိုင်ခဲ့ကြတာဖြစ်ပါတယ်...။

photo credit pngtree

ထိုမျှသာမက ရှေးခေတ်လူသားတို့၏ စိတ်ကူးစိတ်သန်းများဖြင့်ရေးဆွဲခဲ့ကြသော ပန်းချီလက်ရာများကိုလည်း ယင်းတို့နေထိုင်ခဲ့ကြသော ဒေသများတွင် ရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်...။ ကျောက်ခေတ်ကာလများက လူသားတို့သည်ကျောက်လိုဏ်ဂူများ အတွင်းနေထိုင်ခဲ့ကြပြီး အချို့သော ကျောက်ဂူများအတွင်းတွင် သူတို့ရေးဆွဲခဲ့ကြသည့် ပန်းချီရုပ်ပုံများကို ယနေ့မှာ သွားရောက်ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်...။ မြန်မာနိုင်ငံ၏ ကျောက်ခေတ်ဦးကာလမှ လူသားတို့ရေးဆွဲခဲ့သော ပြဒါးလင်းဂူကဲ့သို့ပင် အချို့သောနိုင်ငံ များတွင်လည်း ရှေးခေတ်လူသားတို့၏ နံရံပန်းချီများကို တွေ့ရှိနိုင်သည်ဖြစ်ရာ ကမ္ဘာအနှံ့မှ ခရီးသွားများ သွားရောက်လေ့လာ ကြည့်ရှု လျက်ရှိနေပါတယ်...။

photo credit pngtree

ဘရာဇီးနိုင်ငံရှိ "Serra da Capivara" (ကပိဝရ) အမျိုးသားဥယျာဉ်သည် ကျောက်ဂူ နံရံဆေးရေးပန်းချီများဖြင့် တန်ဆာဆင်ထားသော များပြားလှသည့် ကျောက်ဂူစု တစ်ခုဖြစ်ပြီး ဘရာဇီးနိုင်ငံတွင်တည်ရှိပါတယ်...။ ဓလေ့ထုံးတမ်းပွဲများ၊ အမဲလိုက်ပုံများ၊ သစ်ပင်များ နှင့် ယင်းဒေသမှ တိရိစ္ဆာန်ပုံများကို ရေးဆွဲထားတာဖြစ်ပါတယ်...။ သိပ္ပ့ပညာရှင်များက ယင်းပန်းချီကားများထဲမှ သက် တမ်းအရှည်ဆုံးပန်းချီကားကို လွန်ခဲ့သောနှစ်ပေါင်း၂၅၀၀၀ က ရေးဆွဲခဲ့သည်ဟု ယုံကြည်ထားကြပြီး ထိုအချက်ကို မျိုးဗီဇပညာရှင်တို့အကြား အငြင်းပွားခဲ့ကြတာဖြစ်ပါတယ်...။

Source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။