မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ AFF HD Bank Futsal championship 2019 ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် အဆင့်တွင် အင်ဒိုနီးရှား အသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။မြန်မာအသင်းသည် ယင်းပြိုင်ပွဲ၏ အုပ်စု(က)တွင် အုပ်စု ဒုတိယဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားအသင်းနှင့် အောက်တိုဘာ ၂၅ရက် မြန်မာစံတော်ချိန် ညနေ၄း၃၀ အချိန်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာလက်ရွေးစင်ဖူဆယ်အသင်းနည်းပြချုပ်ဦးဌေးမြင့်က " အုပ်စုအဆင့်ပွဲစဉ်တွေကတည်းက တစ်ဖက်အုပ်စုက အသင်းတွေရဲ့ပွဲစဉ်တွေကို သွားကြည့်ပြီး သူတို့ရဲ့အားနည်းချက်တွေကို လေ့လာထားပါတယ်။ ကစားသမားတွေကိုလည်း အင်ဒိုနီးရှားအသင်းရဲ့ ကစားပုံတွေကို ပြန် ပြထားပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ အားနည်းချက်တွေကိုလည်း သေချာ ပြုပြင်ပြီး အင်ဒိုနီးရှားအသင်းကို အနိုင်ရအောင် ကြိုးစားသွားပါမယ်" ဟု ဆီမီးဖိုင်နယ်ပွဲ အပေါ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ပြောကြားခဲ့ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

AFF HD Bank Futsal championship 2019 ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊တတိယရရှိသော အသင်းများသည် AFC Futsal Championship 2020 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ ၃ပွဲကစားထားပြီး ၂ပွဲနိုင် ၁ပွဲရှုံး ရလဒ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

SOURCE: MFF 's facebook

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။