ချစ်စရာကောင်းပြီး လိုက်ဖက်လှတဲ့ စုံတွဲလေးအဖြစ် ပရိသတ်တွေ အသိအမှတ်ပြုထားကြသူတွေကတော့ မိတ်ကပ်ပညာရှင် မေဦးနဲ့ဟန်လင်းတို့ချစ်သူစုံတွဲလေးပါ။ သူတို့နှစ်ယောက်ဟာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းလေးကို အတူတကွ ဖြတ်သန်းနေကြတာပါ။ သူတို့နှစ်ယောက်ရဲ့ ရိုမက်တစ်ဆန်ပုံလေးတွေကလည်း ပရိသတ်တွေကို အားကျစေတာပါ။  

Photo Credit - Han Lin's Facebook
Photo Credit - Han Lin's Facebook
Photo Credit - Han Lin's Facebook

သူတို့နှစ်ယောက်ဟာ ချစ်သူသက်တမ်းသုံးနှစ်ကျော်အတွင်းမှာ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ဖြတ်သန်းလာရပြီး အမြဲတမ်းတစ်ယောက်လက်ကို တစ်ယောက်တွဲကာ ကြုံလာတဲ့ ဒုက္ခမှန်သမျှကို ဖြေရှင်းခဲ့ကြတာပါ။ သူတို့နှစ်ယောက်လုံးဟာ May & Co ဆိုတဲ့ ဆိုင်လေးကိုလည်း အတူတကွ ဖွင့်လှစ်ထားရှိထားတာပါ။ သူတို့အတွဲလေးကိုတော့ အနုပညာရှင်များကပါ ချစ်ခင်ကြတာပါ။ မေဦးတို့အတွဲလေးဟာ ခရီးတွေလည်း မကြာခဏထွက်လေ့ရှိပြီး ခရီးသွားပုံရိပ်လေးတွေကိုလည်း မကြာခဏတင်ပေးလေ့ရှိတာပါ။  

Photo Credit - Han Lin's Facebook
Photo Credit - Han Lin's Facebook
Photo Credit - Han Lin's Facebook

အခုတစ်ခေါက်မှာလည်း ချစ်ရတဲ့ချစ်သူ မေဦးကို ဟန်လင်းတစ်ယောက် ဆေးထိုးလိုက်ပြန်ပါပြီ။ ဒါကတော့ မေဦးရဲ့ အမှတ်မထင်လမ်းလျှောက်လာတဲ့ပုံရိပ်လေးကို အမိအရရိုက်ကူးကာ ဆေးထိုးထားတာပါ။ ဟန်လင်းရဲ့ Facebook Myday တွင်လည်း " အဆင်ပြေရဲ့လား သည်းငယ် " ဆိုပြီး ရေးသားတင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Han Lin's Facebook Myday

Photo Credit - Han Lin's Facebook
Photo Credit - Han Lin's Facebook
Photo Credit - Han Lin's Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။