တေးသံရှင်တွေဖြစ်ကြတဲ့ အောင်လနဲ့ဝိုင်းစုခိုင်သိန်းတို့ ချစ်သူနှစ်ယောက်ကတော့ အနုပညာအလုပ်တွေကို အတူတူတွဲပြီးလုပ်ကိုင်ကာ အေးအတူပူအမျှလက်တွဲနေကြတဲ့ အားကျစရာစုံတွဲလေးပဲဖြစ်ပါတယ်။အောင်လကလည်း ချစ်သူလေးဝိုင်းစုအတွက် သီချင်းကောင်းလေးတွေကို သေချာဖန်တီးပေးသလို ဝိုင်းစုနဲ့အောင်လတို့နှစ်ယောက်သီဆိုထားတဲ့ သီချင်းကောင်းလေးတွေကိုလည်း ပရိသတ်တွေကကြိုက်နှစ်သက်ကြပါတယ်။

Photo Credit:Reodineius Aung La's Facebook

ဝိုင်းစုခိုင်သိန်းကတော့ ဟိုးအရင်တုန်းက ဗီဒီယိုဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အခုနောက်ပိုင်းမှာတော့ ဇာတ်ကားတွေနဲ့နည်းနည်းအလှမ်းဝေးကာ သီချင်းတွေဘက်ကိုသာ အာရုံစိုက်ပြီးလုပ်ဆောင်နေတာဖြစ်ပါတယ်။ဝိုင်းစုကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကတော့ သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး တစ်ခဲနက်အားပေးဝန်းရံနေကြတာဖြစ်ပါတယ်။

Photo Credit:Reodineius Aung La's Facebook
Photo Credit:Reodineius Aung La's Facebook
Photo Credit:Reodineius Aung La's Facebook

အောင်လနဲ့ဝိုင်းစုတို့က တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး ဂရုစိုက်ဖေးမမှုတွေနဲ့တည်ဆောက်ထားကြတဲ့ ဘဝလေးဖြစ်ပါတယ်။အခုဆိုရင်တော့ အောင်လက ဝိုင်းစုအတွက်သေချာပြင်ဆင်စီမံပြီးလုပ်ပေးထားတဲ့ ရေကူးကန်လေးမှာ ဝိုင်းစုက တစ်နေကုန်ရေကူးပြီး သီချင်းလေးနားထောင်နေတာဖြစ်လို့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Reodineius Aung La's Facebook
Photo Credit:Reodineius Aung La's Facebook

Photo Credit:Reodineius Aung La's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။