သရုပ်ဆောင် မင်းသမီးချောလေး မြတ်ရတနာကျော်ကတော့ ပျိုမျစ်နုနယ်တဲ့ မျက်နှာလေးနဲ့ ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သီချင်းဗီဒီယိုလေးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မြတ်ရတနာကျော်က အခုချိန်မှာတော့ အဆိုတော်အာဘွိုင်းနဲ့ အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားရပြီဖြစ်ပါတယ်။ မြတ်ရတနာကျော်က ကလေးတစ်ယောက်အမေလို့မထင်ရလောက်အောင် နုပျိုနေဆဲလည်း ဖြစ်ပါတယ်။

Photo Credit - Myat Yadanar Kyaw's FB
Photo Credit - Myat Yadanar Kyaw's FB
Photo Credit - Myat Yadanar Kyaw's FB

အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းတဲ့ မြတ်ရတနာကျော်တို့မိသားစုလေးကိုတော့ ပရိသတ်တွေကလည်း အားကျနေရတာ ဖြစ်ပါတယ်။ တစ်သားမွေးတစ်သွေးလှဆိုသလို မြတ်ရတနာကျော်ကလည်း တစ်နေ့တစ်ခြားပိုပိုပြီး အလှတွေတိုးသထက်တိုးလာတာ ဖြစ်ပါတယ်။ အခုလည်း မြတ်ရတနာကျော်က အလွင့်တလိုင်းပုံစံနဲ့ ရိုက်ကူးထားတဲ့ Tik Tok ဗီဒီယိုလေးကို သူမရဲ့ Facebook မှာတင်ထားပါတယ်။

Photo Credit - Myat Yadanar Kyaw's FB
Photo Credit - Myat Yadanar Kyaw's FB
Photo Credit - Myat Yadanar Kyaw's FB

ဒီ Tik Tok ဗီဒီယိုလေးမှာတော့ မြတ်ရတနာကျော်က အဖြူရောင်ဝတ်စုံလေးနဲ့ လွင့်ချင်တိုင်းလွင့်ပြီး အရမ်းကိုချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ ချောင်းသာကမ်းခြေကို ရောက်ရှိနေတဲ့ မြတ်ရတနာကျော်ကတော့ အပန်းဖြေအနားယူရင်း Tik Tok ဗီဒီယိုလေးရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မြတ်ရတနာကျော်ရဲ့ချစ်စရာ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Myat Yadanar Kyaw's FB 

Photo Credit - Myat Yadanar Kyaw's FB
Photo Credit - Myat Yadanar Kyaw's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။