photo credit - Abed Facebook page

Abed ကတော့ 2.8.2020 ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံသားလေးတစ်ဦးပဲဖြစ်ပါတယ်။

သူ့ရဲ့နာမည်အရင်းကတော့ Abed Azel L. Yusop ပဲဖြစ်ပါတယ်။

သူ့ရဲ့ birth date ကတော့ 2.8.2020 ဖြစ်တာကြောင့် အခုဆိုရင် Abed ဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးတာပဲဖြစ်ပါတယ်။

Abed ကတော့ 2014 ခုနှစ်လောက်ထဲက SEA MMR leaderboards ရဲ့ ထပ်ဆုံးပိုင်းနေရာတွေကို သူ့ရဲ့ signature heros တွေဖြစ်တဲ့ Meeop , Invoker လို heros တွေနဲ့ရောက်ရှိလာခဲ့သူပဲဖြစ်ပါတယ်။

2015 ခုနှစ်အစောပိုင်းလောက်မှာတော့ Abed ဟာ MSI-EvoGT အသင်းမှာ ဝင်ရောက်ကစားခဲ့ပြီး သိပ်မကြာခင်မှာပဲ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Trackmate အသင်းကိုရောက်ရှိသွားခဲ့ပြီး 2016 ခုနှစ် 2 လပိုင်းလောက်မှာ Execration အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။

Execration အသင်းမှာ ဆယ်လလောက်ကစားပြီးတဲ့အခါမှာတော့ Abed ဟာ Team Onyx ကိုထပ်မံပြောင်းရွှေ့သွားခဲ့ပါတယ်။

Team Onyx မှာ လေးလဝန်းကျင်လောက် ကစားပြီးတဲ့အခါမှာတော့ Abed ဟာ Digital Chaos အသင်းကို ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

အဲ့ဒီနောက် 2017 ခုနှစ် ၁၁ လပိုင်းမှာတော့ Abed ဟာ ဖီလစ်ပိုင်နိုင်ငံရဲ့ အသင်းကြီးတသင်းဖြစ်တဲ့ Fnatic အသင်းကိုပြောင်းရွှေ့လာပါတော့တယ်။

Abed ဟာ Fnatic အသင်းနဲ့အတူ ပြိုင်ပွဲတွေများစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် Dota 2 players တွေရဲံ အိမ်မက်ဖြစ်တဲ့ Ti champion ဆုကြီးကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါ့ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ Performance ကောင်းတွေပိုင်ဆိုင်ထားတဲ့ Abed ဟာ Ti9 အပြီးမှာ Fantic ကိုစွန့်ခွာပြီး လစ်လပ်သွားတဲ့ Sumail ရဲ့နေရာမှာ အစားထိုးကစားဖို့အတွက် Evil Geniuses အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။

Evil Geniuses အသင်းမှာတော့ Arteezy , Ramzee , Fly, Crit တို့နဲ့အတူ ဘာတွေလုပ်ပြနိုင်မလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။ 

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။