သရုပ်ဆောင် မင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ ဝါရင့်သရုပ်ဆောင်မင်းသားကြီးလွင်မိုးရဲ့သမီးချောလေးတစ်ယောက်ဖြစ်တယ်ဆိုတာ အားလုံးကသိပြီးသားဖြစ်ကြမယ် ထင်ပါတယ်။ ကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တဲ့ ယွန်းဝတီလွင်မိုးတစ်ယောက် အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း ကြော်ငြာလေးတွေရိုက်ကူးနေရတာ ဖြစ်ပါတယ်။ အခုဆိုရင် ယွန်းက ချစ်စရာကောင်းလွန်းတဲ့ သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားရပါတယ်။

Photo Credit- Yunwaddy's IG
Photo Credit- Yunwaddy's IG

လက်ရှိမှာတော့ ယွန်းဝတီလွင်မိုးက သြစတေးလျနိုင်ငံမှာနေထိုင်ပြီး ပညာဆက်လက်သင်ကြားနေတာ ဖြစ်ပါတယ်။ ယွန်းတို့ဇနီးမောင်နှံက သားလေးကို ဘိုးဘိုးဘွားဘွားတွေနဲ့ထားခဲ့ပြီး ကျောင်းပြီးဆုံးအောင်ဆက်တက်နေတာပဲ ဖြစ်ပါတယ်။ ကြည်နူးစရာကောင်းတဲ့ ယွန်းတို့စုံတွဲလေးကိုတော့ ပရိသတ်တွေကပါ အားကျနေရတာ ဖြစ်ပါတယ်။ အခုလည်း ယွန်းကချစ်ခင်ပွန်းနဲ့အတူ ရိုက်ကူးထားတဲ့ပုံလေးကို မျှဝေထားပါတယ်။

Photo Credit- Yunwaddy's IG
Photo Credit- Yunwaddy's IG

ယွန်းက အနမ်းလေးပေးရင်း ကြည်နူးပျော်ရွှင်နေတဲ့ သူမတို့စုံတွဲရဲ့ပုံရိပ်လေးကို အသစ်တင်ထားတာပဲ ဖြစ်ပါတယ်။ ရှေ့သွားနောက်လိုက်ညီပြီး လိုက်ဖက်လွန်းတဲ့ ယွန်းတို့စုံတွဲလေးကတော့ တစ်နေ့တစ်ခြား အချစ်တွေတိုးရင်း လက်တွဲတွေခိုင်မြဲနေကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အားကျကြည်နူးချင်စရာကောင်းတဲ့ ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Yunwaddy's IG 

Photo Credit- Yunwaddy's IG
Photo Credit- Yunwaddy's IG
Photo Credit- Yunwaddy's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။