photo credit - Liquipedia

RAMZES666 ကတော့ Russia နိုင်ငံသားတစ်ဦးဖြစ်ပြီး သူ့ရဲ့နာမည်အရင်းကတော့ Roman Kushnarev ပဲဖြစ်ပါတယ်။

သူ့ကိုမွေးဖွားခဲ့တာကတော့ 1999 ခုနှစ် လေးလပိုင်း 25 ရက်နေ့မှာဖြစ်တာကြောင့် RAMZES666 ဟာအခုဆိုရင် အသက် 22 နှစ်ရှိနေပြီပဲဖြစ်ပါတယ်။

သူ Dota 2 pro scene ကိုစရောက်လာတာကတော့ 2014 ခုနှစ်ကုန်ပိုင်းလောက်ကဖြစ်ပြီး Courage Gaming မှာ စတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

2015 ခုနှစ် လေးလပိုင်းလောက်မှာတော့ RAMZES666 ဟာ ScaryFaceZ အသင်းကိုရောက်ရှိလာခဲ့ပြီး 2015 ခုနှစ် ကိုးလပိုင်းလောက်အရောက်မှာတော့ CIS Regects အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။

CIS Regects အသင်းမှာ သုံးလလောက်ကစားပြီးတဲ့နောက်မှာတော့ Team Spirit ကိုထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

Team Spirit မှာ လေးလလောက်ကစားပြီးတဲ့နောက်မှာတော့ RAMZES666 ဟာ Team Empire ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Team Empire မှာ ငါးလလောက်ကစားပြီးတဲ့နောက် 2016 ခုနှစ် ရှစ်လပိုင်းမှာ CIS region ရဲ့ ထိပ်သီးအသင်းတစ်ခုဖြစ်တဲ့ Virtus.pro အသင်းကိုပြောင်းရွှေ့လာခဲ့ပါတယ်။

RAMZES666 ဟာ Virtus.pro အသင်းရဲ့ major တော်တော်များများမှာ Champion ဆုကြီးကို ရယူနိုင်ခဲ့ပေမယ့် Ti champion တော့ဖြစ်ခွင့်မရခဲ့ပါဘူး။

Ti9 အပြီးမှာတော့ RAMZES666 ဟာ Ti မတိုင်ခင်မှာတော့ကျား Ti ရောက်ရင်တော့ဖားဖြစ်နေတဲ့ Virtus.pro အသင်းကိုစွန့်ခွာပြီး Evil Geniuses အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

EG ကိုအရောက်မှာတော့ RAMZES666 ဟာသူကစားနေကြ carry role ကနေ offlane role ကိုပြောင်းလဲကစားခဲ့ပြီး သူ့ရဲ့အကောင်းဆုံးပုံစံတစ်ခုကို ပြသနိုင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။ 

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။