အနုပညာသတင်း၊ အားကစားသတင်း၊ ဗဟုသုတသတင်းစုံလင်ကို စာဖတ်ပရိသတ်ကြီး အမြဲ update ဖြစ်ရအောင် ဖော်ပြပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကနေ အခုတစ်ခါမှာဆိုရင်တော့ ဂြိုလ်သားတွေနေထိုင်ရာ ဌာနချုပ်အကြောင်းပဲဖြစ်ပါတယ်...။ အာကာသ၊ စကြာဝဋ္ဌာနဲ့ ပတ်သတ်တဲ့ ထူးခြားဆန်းပြား အကြောင်းအရာတွေကို နှစ်သက်တဲ့သူတွေကတော့ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကို နှစ်သက်ကြမယ်လို့ ယုံကြပါတယ်နော်...။

ဂြိုလ်သားတွေ၊ စက်ရုပ်တွေ၊ အာကာသယာဉ်ပျံတွေ၊ အချိန်ခရီးသွားစက်တွေ အစရှိတာတွေကို ရုပ်ရှင်တွေမှာပဲ တွေ့မြင်ခဲ့ကြရတာဖြစ်ပြီး အခုနောက်ပိုင်းတိုးတက်လာသော ခေတ်များတွင် ဖွံ့ဖြိုးတိုးတက်နေသောနိုင်ငံများမှာ ဂြိုလ်သားတွေကို စောင့်ကြည့်တာ၊ အာကာသထဲသို့ ဂြိုလ်ထုလွှတ်တင်ပြီး နယ်မြေချဲ့ထွင်ရှာဖွေတာတွေ၊ လက်နက်အသစ်အစမ်းများ တီထွင်ကြံဆဖန်တီးတာတွေကို ပြုလုပ်နေကြပြီဖြစ်ပါတယ်...။ ထိုကဲ့သို့ ပြုလုပ်သော နိုင်ငံများထဲတွင် အမေရိကန်နိုင်ငံရှိ "NASA"က အကျော်ကြားဆုံးနဲ့ လူသိအများဆုံးဖြစ်ပါတယ်...။

အမေရိကန် ကယ်လီဖိုးနီးပြည်နယ် "Malibu" ရဲ့ ကမ်းရိုးတန်းအလွန် ၆မိုင် ပင်လယ်ရေအောက် ကြမ်းခင်းမှာ ပုံမှန်မဟုတ်တဲ့ပုံမျိုးရှိတဲ့ အဆောက်အဦးတစ်ခုကို တွေ့ရှိခဲ့ရပါတယ်...။ "Google earth"ကိုအခြေခံပြီး ရထားတဲ့ ပုံမှာတော့ အမိုးကခပ်ပြားပြား ဘဲဥခပ်ဝိုင်းဝိုင်းပုံသဏ္ဌန် ဒေါက်တိုင်တွေနဲ့ မှောင်မဲနေတဲ့ အတွင်းပိုင်းကို ဝင်တဲ့ ဝင်ပေါက်တစ်ခုလို့ မြင်တွေ့ရမှာဖြစ်ပါတယ်...။ ပုံမှန်မဟုတ်တဲ့ ဝင်ပေါက်ကြီးက ရေအောက်ပေ ၂၀၀ မှာရှိနေပြီး ၃ မိုင်ခန့် ကျယ်ဝန်းပါတယ်...။ တိတိကျကျတော့ ဒါကြီကို ဘာမှန်း မသိရသေးပါဘူး..။ ကယ်လီဖိုးနီးယာပြည်နယ်မှာ အခြေစိုက်တဲ့ "Fade To Black" ရေဒီယို ဌာနကတော့ UFO / USO ( unidentified submerged objects) အမျိုးအမည်မသိ နစ်မြုပ် နေတဲ့ အရာဝထ္ထုပါလို့ပြောခဲ့တာဖြစ်ပါတယ်...။

Source သံ ဇဉ် မိုးဇတ်‎

photo credit သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။