ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားရုံသာမက အရိပ်လိုဘေးကနေဂရုတစိုက်နဲ့ချစ်ခင်ပေးတဲ့ ခင်ပွန်းကြောင့် ကြည်နူးပျော်ရွှင်နေရတာကတော့ သရုပ်ဆောင် စမိုင်းလ်ပါ။ သူမဟာ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ယနေ့ထိတိုင်ရပ်တည်လျက်ရှိနေတာပါ။ စိတ်သဘောထားလည်းကောင်းရုံသာမကဘဲ အလှူအတန်းတွေလည်းရက်ရောလွန်းတာကြောင့် အားလုံးကချစ်ခင်နေရတာပါ။

Photo Credit- စမိုင်းလ် Smile Facebook Page
Photo Credit- စမိုင်းလ် Smile Facebook Page
Photo Credit- စမိုင်းလ် Smile Facebook Page

မကြာသေးခင်ကလည်း ချစ်ခင်ပွန်းရဲ့မွေးနေ့ရက်မြတ်လေးကို ရွှေတိဂုံစေတီတွင် ဆီမီးတစ်ထောင်ပူဇော်ကာ စတုဒီသာကျွေးမွေးခဲ့တာပါ။ စမိုင်းလ်ဟာ ချစ်ခင်ပွန်းရဲ့မွေးလရောက်တိုင်း တစ်လလုံးလုံးအလှူအတန်းတွေပြုလုပ်ပေးလေ့ရှိတာပါ။ လတ်တလောမှာလည်း ချစ်ခင်ပွန်းနဲ့အတူ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို ရောက်ရှိနေတာပါ။

Photo Credit- စမိုင်းလ် Smile Facebook Page
Photo Credit- စမိုင်းလ် Smile Facebook Page
Photo Credit- စမိုင်းလ် Smile Facebook Page

ခရီးသွားပုံရိပ်လေးတွေကိုလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှလေ့ရှိတာပါ။ အခုတစ်ခါမှာလည်း " Bali swing နည်းနည်းရိုမယ်နော် " ဆိုပြီး ခရီးသွားပုံရိပ်လေးတွေတင်ထားတာပါ။ ပရိသတ်တွေအတွက် စမိုင်းလ်တို့ဇနီးမောင်နှံရဲ့ခရီးသွားပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- စမိုင်းလ် Smile Facebook Page

Photo Credit- စမိုင်းလ် Smile Facebook Page
Photo Credit- စမိုင်းလ် Smile Facebook Page
Photo Credit- စမိုင်းလ် Smile Facebook Page
Photo Credit- စမိုင်းလ် Smile Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။