ပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်တဲ့သဉ္ဇာနွယ်ဝင်းကတော့ ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်ပြီး အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပီသစွာနဲ့ မိသားစုအပေါ် အချိန်လုံလောက်စွာပေးပြီး ကြင်နာယုယပေးနေတာပဲဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းက နောက်ထပ်ကိုယ်ဝန်လည်းရှိပြီး မကြာခင်မှာ သမီးချောချောလေးကို မွေးဖွားတော့မှာဖြစ်ပါတယ်နော်။

Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook

သဉ္ဇာနွယ်ဝင်းရဲ့ချစ်ခင်ပွန်းကလည်း သူမကိုအရမ်းဂရုစိုက်ပြီး ကြင်နာယုယမှုတွေပေးတာကြောင့် သူမကတော့ အရမ်းစိတ်ချမ်းသာကာ အရင်ကထက်တောင်ပိုပိုလှလာပါတယ်နော်။Peach Lay ကလည်း အခုဆိုရင် မျက်နှာချိုချိုလေးနဲ့ စကားတွေတီတီတာတာပြောတတ်ပြီး ချစ်စရာအပြုအမူလေးတွေကြောင့် ပရိသတ်တွေက အရမ်းချစ်နေရတာဖြစ်ပါတယ်။

Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook

သားလေးဖြစ်လို့အရမ်းလည်းဆော့တတ်တာကြောင့် မေမေသဉ္ဇာနွယ်ဝင်းကတော့ မပျင်းရပါဘူးနော်။အခုဆိုရင်လည်းတစ်ယောက်တည်းအရမ်းဆော့နေပြီး ကုတင်ပေါ်ကပြုတ်ကျကာ ခြင်ထောင်ကြားထဲညှပ်နေတာကို ပြန်တတ်မရတော့လို့ငိုနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို မေမေသဉ္ဇာနွယ်ဝင်းက ချစ်ပရိသတ်ကြီးအတွက် လူမှုကွန်ယက်စာမျက်နှာမှာမျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook

Photo Credit:Thinzar Nwewin's Facebook

Video Credit:Thinzar Nwewin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။