အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ရုံသာမကဘဲ ဟင်းချက်တော်သူတစ်ယောက်အဖြစ် ဂုဏ်သတင်းမွှေးနေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေးပါ။ သူမကိုချစ်တဲ့ ပရိသတ်တွေကတော့ ဖွေးစိန်လေးလို့ချစ်စနိုးနဲ့ခေါ်ကြပြီးတော့ ပွင့်လင်းရိုးသားတဲ့ စိတ်ထားလေးတွေကြောင့် အားလုံးက ချစ်ခင်နေရတာပါ။ ဖွေးစိန်လေးဟာ အကယ်ဒမီထူးချွန်ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးတစ်ယောက်ပါ။  

Photo Credit - Phway Phway's Facebook
Photo Credit - Phway Phway's Facebook
Photo Credit - Kyaw Kyaw Win's Facebook

လတ်တလောမှာလည်း ဒါရိုက်တာ အောင်မြတ် ရိုက်ကူးတယ့် " Love Equations " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မင်းသားချောလေး ဒေါင်းနဲ့အတူ ပါဝင်ရိုက်ကူးနေတာပါ။ ဒါ့အပြင် ကြော်ငြာများနဲ့ ပွဲအခမ်းအနားများစွာကိုလည်း တက်ရောက်နေရတာပါ။ ဖွေးစိန်လေးရဲ့ ပွဲတက်ဖက်ရှင်လေးတွေဟာလည်း ပွဲကိုလာရောက်ကြတဲ့ သူတိုင်းက ငေးမောကြည့်ရလောက်အောင် ဆွဲဆောင်နိုင်လွန်းတာပါ။

Photo Credit - Kyaw Kyaw Win's Facebook
Photo Credit - Kyaw Kyaw Win's Facebook
Photo Credit - Kyaw Kyaw Win's Facebook

ဖွေးစိန်လေးဟာ မိဘကျေးဇူးကို သိတတ်လွန်းတဲ့ သမီးအလိမ္မာလေးတစ်ယောက်ပါ။ အခုတစ်ခါမှာလည်း ချစ်ရတဲ့ဖခင်ရဲ့ မွေးနေ့အတွက် မြန်မာငွေကျပ်တန်ဖိုး ဆယ့်ခြောက်သိန်းကျော်တန်ဖိုးရှိတဲ့ Hermes ခါးပတ်လေးတစ်ခု မွေးနေ့လက်ဆောင်ပေးခဲ့တာပါ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Kyaw Kyaw Win's and Phway Phway's Facebook 

Photo Credit - Kyaw Kyaw Win's Facebook
Photo Credit - Kyaw Kyaw Win's Facebook
Photo Credit - Kyaw Kyaw Win's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။