ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်စန္ဒီမြင့်လွင်ဟာဆိုရင် အနုပညာအသိုင်းအဝိုင်းက ပေါက်ဖွားလာတဲ့သူတစ်ယောက်ဖြစ်လို့ အနုပညာမှာပါရမီပါပြီး ချစ်အစ်မကြီးတွေလိုပဲ အောင်မြင်မှုကိုရရှိထားတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပါတယ်။စန္ဒီမြင့်လွင်က လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုနိုင်သလောက်လေးလုပ်ဆောင်ပြီး ချစ်ရတဲ့မိသားစုကိုအချိန်ပေးဂရုစိုက်နေတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

စန္ဒီမြင့်လွင်က သမီးလေးတစ်ယောက်ကိုမွေးဖွားထားပြီး ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးဖြစ်အောင် တည်ဆောက်နေတာပဲဖြစ်ပါတယ်။သမီးချောလေး Treasure ကလည်း မွေးစတုန်းက ဖေဖေနဲ့တူတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးကြပြီး ယခုချိန်မှာဆိုရင်တော့ ၃လပြည့်သွားပြီလည်းဖြစ်လို့ မေမေစန္ဒီမြင့်လွင်နဲ့ ပိုပိုတူလာပြီး တစ်နေ့တစ်ခြားပိုပိုချစ်ဖို့ကောင်းလာပါတယ်နော်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

မေမေစန္ဒီမြင့်လွင်ကတော့ သမီးလေးကို ကျန်းကျန်းမာမာ၊လှလှပပလေးကြီးပြင်းလာအောင် သေချာဂရုစိုက်ပြီးပိုးမွေးသလို ပြုစုယုယနေတာဖြစ်ပါတယ်။Treasure လေးရဲ့ပါးဖောင်းဖောင်းလေးတွေကလည်း ဆွဲညှစ်ချင်စရာကောင်းလောက်အောင် အရမ်းချစ်ဖို့ကောင်းပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ချစ်မွှေးပါတာကြောင့် ပရိသတ်ကြီးလည်းပိုပိုချစ်ရအောင်လို့ Treasure လေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

Photo Credit:Dee Dee's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။