မြန်မာဂုဏ်ဆောက် သက်ထားသူဇာကတော့ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ပထမဆုံး ရွှေရခဲ့တဲ့ ပြိုင်ပွဲဖြစ်တဲ့ Egypt International Series 2019မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဖိုင်နယ်မှာ Wales က Jordan Hart ကိုအနိုင်ရရရှိပြီး မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင်နိုင်ခဲ့ပါတယ်။ မြန်မာဂုဏ်ဆောင် သက်ထားသူဇာကတော့ အခုလိုဂုဏ်ဆောင်နိုင်ခဲ့လို့ ဝမ်းသာနေပါတယ်။

photo credit: THET HTAR Thuzar 's facebook
photo credit: THET HTAR Thuzar 's facebook

သူမကတော့ ယခုမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး လေ့ကျင့်ရေးတွေ ပြုလုပ်နေခဲ့ပါတယ်။ သူမကတော့ Egypt International Series 2019မှာဆုရရှိခဲ့တာနဲ့ ပတ်သက်ပြီး " စသွားတည်းက ကိုယ်ပထမရအောင်သွားတဲ့ ပွဲဖြစ်တဲ့အတွက် အကောင်းဆုံးကြိုးစားပြီး ရိုက်ခဲ့ရတဲ့ ပွဲဖြစ်ပါတယ် " ဆိုပြီး ပြောထားခဲ့ပါတယ်။

photo credit: THET HTAR Thuzar 's facebook
photo credit: THET HTAR Thuzar 's facebook

သူမကတော့ " ကျန်းမာရေးအတွက် ကိုယ့်ကိုကို ဂရုစိုက်တယ် အစားအသောက်ပိုင်းဆိုင်ရာတွေ ပြီးတော့ နေတာထိုင်တာတွေကောအစစအရာ ဆင်ခြင်ရတယ် ပြိုင်ပွဲကတော့ နောက်လအိန္ဒိယပွဲ နှစ်ပွဲ ရှိတယ် အစတုန်းကအိန္ဒိယပွဲမတိုင်ခင် နီပေါပွဲသွားစရာရှိတယ် အဲ့ပွဲကအခက်အခဲတစ်ခုကြောင့် ဝင်မပြိုင်ဖြစ်ရတော့ဘူး ပြီးရင် ဆီးဂိမ်းပြိုင်ပွဲ ရှိတယ် " ဆိုပြီးပြောထားခဲ့ပါတယ်။

sourc: myanmar load tv

photo credit: THET HTAR Thuzar 's facebook
photo credit: THET HTAR Thuzar 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။