အသက် ၁၂နှစ်အောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲရဲ့ အောက်တိုဘာ ၂၄ရက် ညနေပိုင်း ပွဲစဉ်တွေအဖြစ် အုပ်စု(A)မှရှမ်း(တောင်) အသင်းနဲ့ မကွေးအသင်း၊ မန္တလေးအသင်းနဲ့ ကယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။အုပ်စု (A)မှာ ၅ သင်းပါဝင်တာကြောင့် နောက်တစ်ဆင့်တက်ရေး ပွဲစဉ်တိုင်းက အရေးပါနေပြီး အကောင်းဆုံး ယဉ်ပြိုင်ကစားသွားခဲ့ပါတယ်။

photo credit: MFF 's facebook
photo credit: MFF 's facebook

ရှမ်း( တောင်) အသင်းနဲ့ မကွေးအသင်းတို့ပွဲစဉ်ဟာ အကြိတ်အနယ်ရှိခဲ့ပြီး ဂိုးသွင်းခွင့်တွေရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့်(၀ -ဝ) ဂိုး ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။မန္တလေးအသင်းနဲ့ ကယားအသင်းတို့ ပွဲစဉ်မှာတော့ မန္တလေးအသင်းက ( ၁-ဝ) ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

photo credit: MFF 's facebook
photo credit: MFF 's facebook

အုပ်စု (A)မှာ မန္တလေးအသင်းက (၄) ပွဲကစားထားပြီး (၆) မှတ်နဲ့ ထိပ်ဆုံးနေရမှာ ရပ်တည်နေပါတယ်။ (၃) ပွဲစီ ကစားထားတဲ့မကွေးအသင်းက ( ၅) မှတ်၊ တနင်္သာရီအသင်းနဲ့ ရှမ်း(တောင်) အသင်းက (၄)မှတ်၊ ကယားအသင်းက (၂)မှတ် ရရှိထားပါတယ်။အဆိုပါပြိုင်ပွဲမှာ ခြေစွမ်းခြေစရှိတဲ့ လူငယ်တွေ များစွာမြင်တွေ့ခဲ့ရပါတယ်။

source: MFF 's facebook 

photo credit: MFF 's facebook
photo credit: MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။