ဆီးဂိမ်းစ်အတွက် ပြင်ဆင်သည့် အနေဖြင့် အောက်တိုဘာ ၂၁ ရက်မှ စတင်ကာ ကာတာနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာယူ-၂၂ အသင်းသည် အောက်တိုဘာ ၂၄ ရက်၊ ဒေသစံတော်ချိန် ည ၈:၀၀ နာရီ (မြန်မာစံတော်ချိန် ည ၁၁:၃၀ နာရီ) အချိန်က လေ့ကျင့်ခန်း အစီအစဉ်များကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
မြန်မာယူ-၂၂ အသင်း အနေဖြင့် အောက်တိုဘာ ၂၅၊ ဒေသစံတော်ချိန် ည ၆:၃၀ နာရီ (မြန်မာစံတော်ချိန် ည ၁၀:၀၀ နာရီ)တွင် Qatar SC ကွင်း၌ နီပေါယူ-၂၃ အသင်းနှင့် လေ့ကျင့်ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။လေ့ကျင့်ခြေစမ်းပွဲသာ ဖြစ်သောကြောင့် ဒေသခံ ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသမည် မဟုတ်ကြောင်း သိရပါတယ်။
မြန်မာယူ-၂၂ အသင်းဟာ အဆိုပါပွဲပြီးရင် အောက်တိုဘာ ၂၈၊ ဒေသစံတော်ချိန် ည ၈:၀၀ နာရီ (မြန်မာစံတော်ချိန် ည ၁၁:၃၀ နာရီ)တွင် ကာတာကလပ် AL Owaina အသင်း၊ အောက်တိုဘာ ၃၁၊ ဒေသစံတော်ချိန် ည ၆:၃၀ နာရီ (မြန်မာစံတော်ချိန် ည ၁၀:၀၀ နာရီ)တွင် ကာဂျစ္စတန်ယူ-၁၉ အသင်းတို့နှင့် ခြေစမ်းကစားမှာပဲ ဖြစ်ပါတယ်။
source: MFF 's facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။