အကယ်ဒမီမင်းသမီးချောလေး ပိုင်ဖြိုးသုဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေပြီး ပရိသတ်အများအပြားလက်ခံအားပေးရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ပိုင်ဖြိုးသုက လက်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်သရုပ်ဆောင်နေပြီး "ထာဝရနှောင်ကြိုး"ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသားချောဇာဏ်ခီနဲ့တွဲဖက်ကာ အတွဲညီညီသရုပ်ဆောင်ထားတာကြောင့် ဇာတ်ကားနမူနာနဲ့တင် ပရိသတ်တွေကအားပေးကြဖို့အဆင်သင့်ဖြစ်နေကြပါပြီနော်။

Photo Credit:Myanmarload TV
Photo Credit:Myanmarload TV
Photo Credit:Myanmarload TV

ပိုင်ဖြိုးသုရဲ့ချစ်ခင်ပွန်းဒါရိုက်တာဏကြီးကလည်း သုသုရဲ့အနုပညာအရည်အသွေးကိုချီးကျူးပြီး လိုအပ်တာလေးတွေကိုလည်း အမြဲတမ်းအကြံဉာဏ်ပေးကာ ပြောပြနေတာဖြစ်ပါတယ်။ပိုင်ဖြိုးသုကလည်း အနုပညာနဲ့ပက်သက်ရင် စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားတာကြောင့် ကျရာဇာတ်ရုပ်တိုင်းကို အမြဲပီပြင်ပိုင်နိုင်လို့ ပရိသတ်တွေက ကြိုက်နှစ်သက်နေရတာဖြစ်ပါတယ်။

Photo Credit:RBV
Photo Credit:RBV
Photo Credit:RBV

ပိုင်ဖြိုးသုက လက်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လှုပ်ရှားနေပြီး ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေပါတယ်နော်။အခုဆိုရင်လည်း ပိုင်ဖြိုးသုကOPPO Reno2 Series Lauchပွဲလေးကို တက်ရောက်လာပြီး လူငယ်ဆန်ဆန်နဲ့သိမ်မွေ့နူးညံ့စွာလှပနေတာဖြစ်တဲ့အပြင် သူမရဲ့ဖက်ရှင်လေးကလည်းအမြင်ဆန်းနေတာဖြစ်လို့ ပရိသတ်ကြီးအတွက် သူမရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:RBV
Photo Credit:Myanmarload TV
Photo Credit:RBV

Photo Credit:Myanmarload TV/RBV

Source:Paing Phyo Thu 's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။