မြန်မာနိုင်ငံမှာ ခိုးကူးခွေ ပပျောက်သွားတဲ့ တစ်နေ့ Train to Busan လိုကားမျိုးရိုက်ပြမည်ဟု ဒါရိုက်တာ ပြည်ဟိန်းသီဟမှ ပြောကြားခဲ့

မြန်မာနိုင်ငံမှာ ခိုးကူးခွေ ပပျောက်သွားတဲ့တစ်နေ့ Train to busan လိုကားမျိုး ရိုက်ပြပါမယ်။

ရိုက်လည်းရိုက်နိုုင်ပါတယ်။

ရိုက်လည်းရိုက်တတ်ပါတယ်

ရိုက်လည်းရိုက်ပြပါ့မယ်

ကျွန်တော်တို့ဘက်က တာဝန်ကျေသလို ပရိသတ်ဘက်က တာဝန်ကျေပါစေ

မူရင်းအခွေဘဲ အားပေးပြီး ခိုးမကူးပါဘူးဆိုပြီး ခိုးကူးခွေမကြည့်ပါဘူးဆိုပြီး ဘုရားမှာ သစ္စာရေသောက်ပြီး ကျိန်ပေးပါ။

ကျွန်တော်တို့လည်း သစ္စာဆိုပါမည်။ အဆင့်မမီရင်လောကက ထွက်ခွာပေးမည်။

အပြန်အလှန်ပေါ့ ဒီစာလေးဖတ်မိချိန်မှာ မိမိဘယ်ဇာတ်ကားကို ဘယ်လိုအခွေမျိုး ကြည့်ခဲ့မိလည်းဆိုတာလေးတော့တွေးပြီး ကိုယ်ချင်းစာပေးပါ

ဆိုင်ကဌားတုန်းက cd လွတ်ပေါ်မှာ ဘောပင်နဲ့ရေးထားသော အခွေလေးကိုများကြည့်ပြီး ဝေဖန်မိသလား။ pre နဲ့ဖြန့်တော့ ပိုက်ဆံ တစ်ထောင်ကျော်ပေးရမှာမို့ ခိုးကူးခွေသုံးရာတန် များဝယ်ကြည့်မိလားဆိုတာလေးတော့ တွေးကြည့်လိုက်ပါဟု status တင်ထားခဲ့သည်။

ယခုအခါတွင် ဝေဖန်မှုအမြောက်အများခံနေရလျက်ရှိသည်။ မြန်မာရုပ်ရှင်အကြောင်း မကောင်းပြောသူများမှာ ခိုးကူးခွေသမားများဘဲ ဖြစ်ရမည်ဟုလည်း ရေးသားထားသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။