ကလေးဘဝအရွယ်ကတည်းက ကြော်ငြာလေးတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တဲ့ ယွန်းဝတီလွင်မိုးက ဖခင်ဖြစ်သူ လွင်မိုးရဲ့အနုပညာအမွေကို ဆက်ခံထားသူ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး သားလေးတစ်ယောက်မွေးဖွားပြီးတဲ့အချိန်မှာလည်း ယွန်းဝတီလွင်မိုးက အနုပညာလှုပ်ရှားမှုတွေ အနည်းငယ်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ယွန်းဝတီလွင်မိုးကိုသာမက သားလေးလွင်ထက်ကိုပါ ချစ်ခင်အားပေးနေရပြီပဲ ဖြစ်ပါတယ်။

Photo Credit-yunnandylm's IG
Photo Credit-yunnandylm's IG

ယွန်းဝတီလွင်မိုးက ကလေးတစ်ယောက်မိခင်ဖြစ်သွားပေမယ့်လည်း အပျိုအရွယ်တုန်းကအတိုင်း ခန္ဓာကိုယ်လေးက သွယ်လျလှပနေဆဲ ဖြစ်ပါတယ်။ ယွန်းဝတီက သားလေးကိုကိုယ်ဝန်လွယ်ထားရတဲ့ အချိန်မှာတောင်မှ အလှမပျက်ဘဲ ကြည်လင်ဝင်းပတဲ့မျက်နှာလေးနဲ့ချစ်စရာကောင်းနေခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ညီမလေး ယွန်းနဒီလွင်မိုးက ယွန်းဝတီလွင်မိုးရဲ့ကိုယ်ဝန်ဆောင်စဉ်က ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။

Photo Credit-yunnandylm's IG
Photo Credit-yunnandylm's IG
Photo Credit-yunnandylm's IG

ယွန်းနဒီလွင်မိုးက အစ်မဖြစ်သူရဲ့မွေးနေ့မှာ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ ဆုတောင်းစကားဆိုပေးခဲ့တာပဲ ဖြစ်ပါတယ်။ သားလေးလွင်ထက်ကို ကိုယ်ဝန်လွယ်ထားရတဲ့ မေမေယွန်းဝတီလွင်မိုးရဲ့ပုံရိပ်လေးတွေကတော့ အရမ်းကိုချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကိုယ်ဝန်ဆောင်မိခင်လောင်းလေးအဖြစ် လှသွေးကြွယ်နေခဲ့တဲ့ ယွန်းဝတီလွင်မိုးရဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-yunnandylm's IG

Photo Credit-yunnandylm's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။