ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားသူကတော့ Liam လေးပါ။ သားလေးဟာ နှစ်ဖက်ဖိုးဖိုး၊ဖွားဖွားတွေရဲ့ အချစ်တွေကို အကုန်သိမ်းပိုက်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ် ။ သားလေးဟာ အသက်တစ်နှစ်နဲ့နှစ်လ ပြည့်သွားပြီပဲဖြစ်ပြီး လမ်းစလျှောက်တတ်နေပါပြီ။ သူ့ရဲ့ပုံရိပ်လေးတွေတိုင်းဟာ ပရိသတ်တွေကိုအခါခါပြန်ကြည့်စေရလောက်အောင် ချစ်ဖို့ကောင်းလွန်းနေတာပါ။

Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook

သားလေးရဲ့ ချစ်စရာအမူအရာလေးတွေ ဆော့ကစားနေတဲ့ video လေးတွေက ပရိသတ်ကြီးရဲ့အချစ်တွေကိုအသည်းတယားယားဖြစ်စေတာပါ။ဖိုးဖိုးဖွားဖွားတို့ကလည်း သားလေးဆော့ကစားနေတဲ့ video လေးကို လည်းပရိသတ်ကြီးအတွက်တင်ပေးလေ့ရှိပြီး ချစ်မဝနိုင်တာပါ။ သားသားကတော့ လတ်တဆလာမှာလည်း ဖိုးဖိုး၊ဖွားဖွားတို့နဲ့အတူ ညောက်ရွှေမြို့ကို ကထိန်သင်္ကန်းကပ်လှူပူဇော်ရန် ရောက်ရှိနေတာပါ။ 

Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook

အခုတစ်ခါမှာလည်း ဖွားဖွားမေသူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် လီလီလုံးလေးနဲ့ပုံရိပ်လေးတွေတက်ထားတာပါ။ ဒါ့အပြင် ဖွားဖွားမေသူရဲ့ Instagram လူမှုကွန်ယက်တွင်လည်း လီလီလုံးလေးတစ်ယောက် တောက်တောက်တောက်နဲ့လမ်းလျှောက်ကာ စကားလေးတွေပြောဆိုနေတဲ့ ဗီဒီယိုလေးကိုတင်ထားတာပါ။ ပရိသတ်တွေအတွက် လီလီလုံးလေးရဲ့ပုံရိပ်လေးတွေနဲ့ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- May Thu’s Facebook and Instagram

Photo Credit- May Thu’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။