ထပ်ဆင့်အကယ်ဒမီဆုရှင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ဇာတ်ရုပ်မရွေး ပိုင်နိုင်တိကျစွာ အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာထူးချွန်တဲ့ ဝတ်မှုန်ရွှေရည်က ဖက်ရှင်နဲ့အလှအပပိုင်းမှာဆိုရင်လည်း အမြဲလိုလို ခမ်းနားလှပတဲ့ အပြင်အဆင်တွေနဲ့ အားလုံးကြားမှာထင်ပေါ်နေတတ်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ရွှေကစ်လေးက ဖက်ရှင်ဘုရင်မဆိုတဲ့နာမည်လေးတောင် ရရှိထားတာ ဖြစ်ပါတယ်။

Photo Credit- LiJohn Photography
Photo Credit- LiJohn Photography
Photo Credit- LiJohn Photography
Photo Credit- LiJohn Photography

ရွှေကစ်လေးက ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ လျှမ်းလျှမ်းတောက်အောင်မြင်မှုရရှိနေသလို ပွဲအခမ်းအနားတိုင်းကိုလည်း မပါမဖြစ်တက်ရောက်နေရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ "ရွှေနန်းတော်ရဲ့ရွှေရောင်လွှမ်းမယ့် မကွေးမြို့ ရွှေပွဲတော်ကြီး " ကိုလည်း ရွှေကစ်အနေနဲ့ တစ်ဦးတည်းတက်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲအခမ်းအနားလေးကို ကစ်က ရွှေရောင်ဝတ်စုံလေးနဲ့ ခမ်းနားထည်ဝါစွာ တက်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit- LiJohn Photography
Photo Credit- LiJohn Photography
Photo Credit- LiJohn Photography
Photo Credit- LiJohn Photography
Photo Credit- LiJohn Photography

ရွှေကစ်လေးက မကွေးမြို့မှာရှိတဲ့ သူမရဲ့ချစ်ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အမှတ်တရပုံရိပ်တွေကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ရွှေရောင်ဖက်ရှင်လေးနဲ့ လှပတင့်တယ်နေတဲ့ ကစ်လေးရဲ့ပုံရိပ်လေးတွေကတော့ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် အလှတွေပိုနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့ ပွဲတက်အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Wutt Hmone Shwe Yi's FB

Photo Credit- LiJohn Photography

Photo Credit- LiJohn Photography
Photo Credit- LiJohn Photography
Photo Credit- LiJohn Photography
Photo Credit- LiJohn Photography
Photo Credit- LiJohn Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။