လူငယ်တွေအားပေးဝန်းရံကြတဲ့ အဆိုတော်ရဲရင့်အောင်ဟာဆိုရင် မင်းသမီးချောလေး ဧငြိမ်းဖြူနဲ့ အေးအတူပူအမျှလက်တွဲကာ ချစ်သူဘဝကို လျှောက်လှမ်းနေကြတာဖြစ်ပါတယ်။ဧငြိမ်းဖြူက ဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ပြီး တက်သစ်စအနုပညာရှင်ဖြစ်ပေမယ့် အိုင်တင်ကောင်းတဲ့သူလေးဖြစ်လို့ ပရိသတ်တွေကလက်ခံအားပေးကာ အသိအမှတ်ပြုကြပါတယ်နော်။

Photo Credit:A Nyein Phyu's Facebook
Photo Credit:A Nyein Phyu's Facebook

ရဲရင့်အောင်နဲ့ဧငြိမ်းဖြူတို့ရဲ့ချစ်သူသက်တမ်းလေးကလည်း ရတုများအဆက်ဆက်တိုင်နေပြီး တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်နားလည်မှုတွေထားပြီး ချစ်နေကြတဲ့ စုံတွဲလေးပါနော်။ရဲရင့်အောင်ကလည်း ချစ်သူလေးဧငြိမ်းဖြူကို အလိုလိုက်အကြိုက်ဆောင်ပြီး စိတ်ချမ်းသာအောင်ထားသလို ဧငြိမ်းဖြူကလည်း ချစ်စရာကောင်းအောင် ချွဲနွဲ့တတ်လို့ ပရိသတ်တွေက သူတို့စုံတွဲလေးကို ကြည့်ပြီးအားကျနေရတာဖြစ်ပါတယ်။

Photo Credit:A Nyein Phyu's Facebook
Photo Credit:A Nyein Phyu's Facebook

ရဲရင့်အောင်နဲ့ဧငြိမ်းဖြူတို့နှစ်ယောက်ကတော့ ဖိတ်ကြားတဲ့ပွဲအခမ်းအနားတွေကိုလည်း အတူတူတက်ရောက်နေတာဖြစ်ပြီး လူငယ်တွေလည်းဖြစ်ကြလို့ ပေါ့ပါးလွတ်လပ်စွာနဲ့နေထိုင်ကြပါတယ်။အခုဆိုရင်လည်း ဧငြိမ်းဖြူက ချစ်သူရဲရင့်အောင်လက်ထဲကို ပိုက်ဆံအိတ်လေးခဏအပ်ထားတာဖြစ်ပြီး ကလေးတစ်ယောက်လို ပိုက်ဆံအိတ်ကိုဆော့နေတဲ့ ရဲရင့်အောင်ရဲ့ဗီဒိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေပေးခဲ့ပါတယ်နော်။

Photo Credit:A Nyein Phyu's Facebook
Photo Credit:A Nyein Phyu's Facebook

Photo Credit:A Nyein Phyu's Facebook

Video Credit:A Nyein Phyu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။