ပရိသတ်ကြီးရေ....ဒီတစ်ပါတ်မှာတော့ အိန္ဒိယနိုင်ငံအလယ်ပိုင်း "Bhimbetka" ရှိကျောက်ဂူများတွင် ရေးဆွဲထားသော ရှေးခေတ်လူသားတို့၏ နံရံပန်းချီ ပုံများအကြောင်းကို ဗဟုသုတဖြစ်ဖွယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်....။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတသတင်းစုံလင်ကို အမြဲ updateဖြစ်နေရအောင် အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေတာမလို့ ကျွန်ုပ်တို့ Myanmarload page ကို like and see first လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်...။

Photo credit pngtree

ကမ္ဘာအရပ်ရပ်မှ ရှေးဟောင်းသုတေသန ပညာရှင်များ၏ စူးစမ်းလေ့လာမှုများကြောင့် ကမ္ဘာပေါ်တွင်နေထိုင်ခဲ့ကြသော ရှေးဦးလူသားတို့၏ ရုပ်ကြွင်းများ၊ အသုံးအဆောင်များ၊ အနုပညာလက်ရာများ၊ လက်နက်များကို ဖော်ထုတ်နိုင်ခဲ့ကြပါတယ်...။ ထိုမျှသာမကရှေးခေတ်လူသားတို့၏ စိတ်ကူးစိတ်သန်းများဖြင့်ရေးဆွဲခဲ့ကြသော ပန်းချီလက်ရာများကိုလည်း ယင်းတို့ နေထိုင်ခဲ့ရဒေသများတွင် တွေ့ရှိခဲ့ကြရတာဖြစ်ပါတယ်...။ ကျောက်ခေတ် လူသားတို့သည် လိုဏ်ဂူများအတွင်း နေခဲ့ကြသည်ဖြစ်လေရာ အချို့သော ကျောက်ဂူများအတွင်းတွင် သူတို့ရေးဆွဲခဲ့ကြသည့် ပန်းချီရုပ်ပုံများကို ယနေ့တိုင် မြင်တွေ့နိုင်ကြမှာဖြစ်ပြီး အိန္ဒိယနိုင်ငံ "ဘင်မ်ဘက်က" ရှိ နံရံပန်းချီပုံများသည်လည်း လက်ရောက်မြောက်စွာ စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်...။

Photo credit pngtree

အိန္ဒိယနိုင်ငံအလယ်ပိုင်းမှ Bhimbetka "ဘင်မ်ဘက်က" တွင် ကျောက်ဂူ ၊ ကျောက်မိုးပေါင်း ခြောက်ရာကျော်မျှ ရှိနေပြီး သမိုင်းမတင်မီခေတ်များက ရေးဆွဲထားခဲ့သော ဂူနံရံ ပန်းချီကားများကို မြင်တွေ့ရမှာဖြစ်ပါတယ်...။ အနီရောင်နှင့် အဖြူရောင်ကို အဓိက သုံးစွဲထားပြီး တစ်ခါတစ်ရံတွင် အစိမ်းနှင့်အဝါကို ထည့်သွင်းရေးဆွဲထားသော ယင်းပန်းချီကားများတွင် လိုဏ်ဂူများအတွင်း လူတို့နေထိုင်ခဲ့စဉ်က ကာလများနှင့် သူတို့ ရပ်တည်ရှင်သန်ခဲ့ရပုံများကို ရေးဆွဲထားတာဖြစ်ပါတယ်...။ အချို့သောလိုဏ်များ တွင် ပြောင်ပုံများ၊ ကျားပုံများနှင့် ခြင်္သေ့ပုံများသာမက မိကျောင်းပုံများကိုပင် အများအပြား မြင်တွေ့ကြရမှာဖြစ်ပါတယ်...။ သက်တမ်း အရင့်ဆုံးရုပ်ပုံသည် နှစ်ပေါင်း ၁၂၀၀၀ ခန့်ရှိပြီ ဖြစ်ပါတယ်...။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။