ဧရာဝတီတိုင်းဒေသကြီးအဆင့် MPT အသက် (၁၄) နှစ်အောက် ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဉ်ဖြစ်သည် ပုသိမ်(ဂ)အသင်းနှင့် မအူပင်(ခ) အသင်းတို့ပွဲစဉ်ကိုယနေ့ညနေ ၃း၃၀တွင်ပုသိမ်မြို့ ကျောက်တိုင်ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ ပုသိမ်(ဂ) အသင်းမှ မအူပင်(ခ) အသင်းကို ၄-၀ ဂိုးဖြင့်အနိုင်ရရှိ သွားခဲ့ပါတယ်။

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

ပထမပိုင်းတွင်း နှစ်သင်းလုံးမှ ဂိုးမရရှိခဲ့ပဲဒုတိယပိုင်းတွင် ပုသိမ်(ဂ)အသင်းတွက် ဦးဆောင်ဂိုးကို ချစ်စမ်းကိုမှ ၃၂မိနစ်တွင်သွင်းယူပေးခဲ့ပြီး အသင်းတွက်နောက်ထပ်အနိုင်ဂိုးများကို ကျော်မင်းထက်မှ ၃၅မိနစ်နှင့် ၄၈မိနစ်တို့တွင် လည်းကောင်း၊ ပွဲချိန် ၆၀+၁ မိနစ်တွင် စအောင်သျှားဦးမှ လည်ကောင်း အသီးသီးသွင်းယူကာ ဗိုလ်လုပွဲသို့တက်ရောက် သွားနိုင်ခဲ့ပါတယ်။

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

အောက်တိုဘာလ ၂၆ရက်နေ့နံနက် ရး၃၀တွင်မအူပင် (ခ) အသင်းနှင့် မြောင်းမြ(က) အသင်းတို့မှတတိယလုပွဲအဖြစ်ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပြီး ညနေ၃း၃၀ အချိန်တွင်ဗိုလ်လုပွဲ အဖြစ် ပုသိမ်(ဂ)အသင်းနှင့် ဟင်္သာတ(က)အသင်းတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပါတယ်။ဟင်္သာတ(က)အသင်း ဟာ မြောင်းမြအသင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲသို့တက်ရောက်လာတာဖြစ်ပါတယ်။

SOURCE: Myanmar National League ' s facebook 

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။