photo credit - liquipedia

မြန်မာပြည်က Dota players တွေ ရွှေဘလို့ ချစ်စနိုးခေါ်ကြတဲ့ Miracle ကတော့ 1997 ခုနှစ် 6 လပိုင်း 20 ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ပိုလန်နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

သူ့ရဲ့နာမည်အရင်းကတော့ عامر البرقاوي ဖြစ်ပြီး Romanized name ကတော့ Amer Al-Barkawi ပဲဖြစ်ပါတယ်။

Miracle Dota 2 pro Scene ကိုစတင်ခဲ့တာကတော့ 2015 ခုနှစ်လောက်ကဖြစ်ပြီး သူ့ရဲ့ပထမဆုံး Team ကတော့ Balkan Bears ပဲဖြစ်ပါတယ်။

Balkan Bears team မှာတော့ Miracle ဟာ လေးလလောက်ကစားခဲ့ပြီး ကစားနေတဲ့ အချိန်အတွင်းမှာပဲ Europe region ရဲ့ Top 1 MMR အများဆုံး players တွေထဲကတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Miracle ဟာ NOtal ရဲ့ကမ်းလှမ်းမှုနဲ့အတူ 2015 ခုနှစ် 8 လပိုင်းလောက်မှာ (monkey) Business team ကိုရောက်ရှိလာခဲ့ပြီး 2015 ခုနှစ် 10 လပိုင်းမှာပဲ က players ဟောင်းတွေနဲ့အတူအသင်းသစ် ဖွဲ့စည်းပြီး OG ဆိုတဲ့နာမည်နဲ့ ကစားခဲ့ပါတယ်။

OG အသင်းမှာကစားနေတဲ့အချိန်အတွင်းမှာတော့ Miracle ဟာ

The Frankfurt Major 2015

The Manila Major 2016

ESl One Frankfurt 2016 တို့မှာ Champion ဖြစ်ခဲ့ပါတယ်။

OG အသင်းမှာကစားလာတာ 10 လောက်ကြာမြင်လာတဲ့အချိန် 2016 ခုနှစ် 8 လပိုင်းအရောက်မှာတော့ Miracle ဟာ OG အသင်းကနေထွက်ခွာပြီး Team Liquid ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Miracle ဟာ Team Liquid နဲ့အတူ The International 2017 ရဲ့ Champion ဖြစ်ခဲ့သလို အခြားသော major တွေ minor ပွဲစဉ်တွေမှာလည်း Champion ဖြစ်ခဲ့ပါတယ်။

The International 2019 မှာဆိုရင်လည်း Miracle ဟာ Team Liquid နဲ့အတူ Grand Final ထိတက်လှမ်းနိုင်ခဲ့ပေမယ့်လည်း OG အသင်းရဲ့ teamwork တွေကို မယှဉ်နိုင်ဘဲ 1: 3 ဆိုတဲ့ရလာဒ်နဲ့ အရှုံပေးခဲ့ရပြီး 2nd place နဲ့သာကျေနပ်ခဲ့ရပါတယ်။

Ti 9 အပြီးမှာတော့ Team Liquid ဟာ သူတို့ရဲ့ Dota2 team roster တစ်ခုလုံးနဲ့ လမ်းခွဲခဲ့တာကြောင့် Miracle ဟာလည်း kuroky အတူ ပြောက်ကွယ်သွားခဲ့ပါတယ်။

လက်ရှိအချိန်ထိလည်း Miracle ဟာ Kuroky တို့နဲ့အတူအသင်းသစ်ပဲဖွဲ့စည်းမလား ဒါမှမဟုတ် ဘယ်Team မှာ ဘယ်သူတွေနဲ့အတူ ပြန်ပေါ်လာမလဲဆိုတာ ဘယ်သူမှ မသိရသေးပါဘူး။

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။