ပရိသတ်တွေရဲ့ အချစ်တွေကိုအပြည့်အဝသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်မျိုးဆက်သစ်ရင်သွေးလေးတွေထဲမှာ သရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးချောလေး သဇင်ထူးမြင့်ကလည်း ပရိသတ်တွေရဲ့ အသည်းကျော်လေးပဲ ဖြစ်ပါတယ်..။

အကယ်ဒမီရွှေကြိုကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ကာ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကြောင့် ယောင်္ကျားလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေအပြင် မိန်းကလေးပရိသတ်တွေကလည်း ချစ်ခင်ကြသူလေးဆိုလည်း မမှားပါဘူး..။


Photo Credit - Thazin Htoo Myint’s Facebook
Photo Credit - Thazin Htoo Myint’s Facebook
Photo Credit - Thazin Htoo Myint’s Facebook

အနုပညာအလုပ်တွေကို ဆက်ထတိုက်လုပ်ဆောင်နေတဲ့ ပရိသတ်အသည်းကျော်လေး သဇင်ထူးမြင့်ကတော့ ငယ်ငယ်က ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ ကလေးဘဝပုံရိပ်လေးတွေနဲ့ Challenge လေး လုပ်လိုက်ပါတယ်နော်..။

Junction ရဲ့ 20 years Challenge အတွက် အစ်ကိုဖြစ်သူ သရုပ်ဆောင်နေရဲနဲ့အတူ ဓာတ်ဖမ်းထားတဲ့ ငယ်ငယ်က ပုံလေးနဲ့ လက်ရှိပုံလေးကို ယှဉ်ပြီး 20 years Challenge လေး ပြုလုပ်လိုက်တာဖြစ်ပြီး မောင်နှမနှစ်ယောက်လုံး ချစ်ဖို့ကောင်းနေတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်နော်..။


Photo Credit - Thazin Htoo Myint’s Facebook
Photo Credit - Thazin Htoo Myint’s Facebook
Photo Credit - Thazin Htoo Myint’s Facebook

“Junction ရဲ့ 20 years Challenge အတွက်

ငယ်ငယ်တုန်းကပုံ နဲ့ အခုလက်ရှိ ပုံ လေးပါ

Hearties လေးတွေကိုလည်း

ဒီChallenge လုပ်ဖို့ သဲကဖိတ်ခေါ်ပါတယ်...

Junction Shopping Centre ရဲ့Facebook Page

မှာ သွား ပြီး ယှဉ်ပြိုင်နိုင်ပါတယ်.. အဲ့ဒါလေးကို screenshotsပြီး သဲရဲ့postမှာလာmentပေးနော်...

မန့်ထားတဲ့သူတွေထဲက ၃ယောက်ကို

Give away အနေနဲ့ သဲက Gift vouncher (၂၀၀၀၀ ) တန် ၃ခု ကို ပေးပါမယ်...

အသေးစိတ်ကတော့ Junction Page မှာ ဝင် ကြည့် နိုင် ပါတယ်..” ဆိုပြီး သူမရဲ့ Challenge လေးမှာ ပါဝင်ဖို့ ပရိသတ်တွေကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်နော်..။

နှစ်(၂၀)အမှတ်တရပုံရိပ်လေေးတွနဲ့ Challenge လုပ်လိုက်တဲ့ သူမတို့ မောင်နှမနှစ်ယောက်ရဲ့ ပုံလေးတွေနဲ့အတူ ငယ်ငယ်လေးကတည်းက ချစ်ဖို့ကောင်းလွန်းနေတဲ့ အသည်းကျော်လေး သဇင်ထူးမြင့်ရဲ့ ငယ်ဘဝပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ အသည်းလေးတွေပေးသွားဖို့ မမေ့ပါနဲ့ဦးနော်..။

Photo Credit - Thazin Htoo Myint’s Facebook

Photo Credit - Thazin Htoo Myint’s Facebook
Photo Credit - Thazin Htoo Myint’s Facebook
Photo Credit - Thazin Htoo Myint’s Facebook

Photo Credit - Thazin Htoo Myint’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။