မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး ပက်ထရစ်ရှာကတော့ အရုပ်မလေးလို ချစ်စရာကောင်းတဲ့မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ နိုင်ငံခြားသူလေးလို ဘိုဆန်ဆန်လှနေတဲ့ ပက်ထရစ်ရှာက ပရိသတ်တွေအသည်းခိုက်အောင် ကြွေနေရတဲ့ မိန်းမလှလေးဆိုရင်လည်း မမှားပါဘူးနော်။ ဒါ့အပြင် ပက်ထရစ်ရှာက အမြဲလိုလို အမိုက်စားဖက်ရှင်တွေနဲ့ ခေတ်ဆန်ဆန်လေး လှနေတတ်တာလည်း ဖြစ်ပါတယ်။

Photo Credit- Sue Sha Naing's IG
Photo Credit- Sue Sha Naing's IG

လတ်တလောမှာတော့ ပက်ထရစ်ရှာတစ်ယောက် ခရီးတွေထွက်နေပြီး ပရိသတ်တွေအတွက် ပုံအသစ်လေးတွေကို မကြာခဏတင်ပေးနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ပက်ထရစ်ရှာက အရမ်းလန်းလွန်းတဲ့ ဖက်ရှင်လေးနဲ့ လူငယ်ဆန်ဆန် အထာကျနေတဲ့ ပုံရိပ်လေးတွေကို မျှဝေထားပါတယ်။ ပက်ထရစ်ရှာက ကျောပြောင်အင်္ကျီနဲ့ ဘောင်းဘီတိုလေးကိုဝတ်ဆင်ပြီး မျက်မှန်တစ်လက်နဲ့ ပို့စ်အပြည့်ပေးထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Sue Sha Naing's IG
Photo Credit- Sue Sha Naing's IG
Photo Credit- Sue Sha Naing's IG

စိမ်းစိုလှပတဲ့ ရှုခင်းလေးကိုနောက်ခံထားပြီး ရိုက်ကူးထားတဲ့ ပက်ထရစ်ရှာရဲ့ပုံရိပ်လေးတွေကတော့ အရမ်းကို ထိမိပြင်းရှနေတာလည်း ဖြစ်ပါတယ်။ ပက်ထရစ်ရှာကတော့ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ညီပြီး ဆွဲဆောင်မှုအပြည့်ရှိနေတဲ့ ပရိသတ်အချစ်တော်လေးပါပဲနော်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပက်ထရစ်ရှာရဲ့ အပြတ်အသတ်ဂေါ်နေတဲ့ အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Sue Sha Naing's IG 

Photo Credit- Sue Sha Naing's IG
Photo Credit- Sue Sha Naing's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။