photo credit - liquipedia

Mind Control ကတော့ Bulgaria နိုင်ငံသားတစ်ဦးဖြစ်ပြီး သူ့ရဲ့နာမည်ကတော့ Ivan Borislavov Ivanov ပဲဖြစ်ပါတယ်။

သူ့ကိုမွေးဖွားခဲ့တာကတော့ 1995 ခုနှစ် 1 လပိုင်း 20 ရက်နေ့ကဖြစ်ပြီး အခုဆိုရင် Mind Control ဟာ အသက် 24 နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

သူပထမဆုံး ကစားခဲ့တဲ့ အသင်းကတော့ Vast Cast အသင်းဖြစ်ပြီးူ 2014 ခုနှစ် 2 လပိုင်းကနေ လေးလပိုင်းအထိကစားခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ Mind Control ဟာ Aftershock Gaming ကိုပြောင်းရွှေ့သွားခဲ့ပြီး 2014 ခုနှစ် 11 လပိုင်းလောက်မှာ ၎င်းအသင်းကနေ ထပ်မံထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Mind Control ဟာ Basically Unknown အသင်းကိုပြောင်းရွှေ့ခဲ့ပြီး ၎င်းအသင်းမှာ 2015 ခုနှစ် 5 လပိုင်းအထိ ဆော့ကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Mind Control ဟာ hehe united အသင်းကိုထပ်မံပြောင်းရွှေ့ခဲ့ပြီး 2015 ခုနှစ် 8 လပိုင်းလောက်မှာ 5Jungz အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသင်းမှာ 2 လလောက်ကစားပြီးတဲ့နောက် 2015 ခုနှစ် 10 လပိုင်းလောက်မှာ Mind Control ဟာ Team Liquid အသင်းကိုပြောင်းရွှေ့လာခဲ့ပြီး Team Liquid မှာ သုံးနှစ်နီးပါးလောက်ကစားခဲ့ပါတယ်။

The International 2019 ( Ti9) အပြီးမှာတော့ Mind Control ဟာ သူ့ရဲ့ teammate တွေ အားလုံးနဲ့အတူ Team Liquid နဲ့လမ်းခွဲခဲ့ပြီး အခုအချိန်မှာ ဘာတွေလုပ်နေလဲဆိုတာကိုတော့ ဘယ်သူမှ သေသေချာချာမသိရသေးပါဘူး။

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။