လွန်ခဲ့တဲ့ ၁၉၈၆ခုနှစ် အချိန်တွေတုန်းက ယူကရိန်းနိုင်ငံ ချာနိုဘိုင်းဆိုတဲ့ စက်ရုံကြီး နျူ ကလီးယား မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ စက်ရုံကြီးဟာ Pripyat မြို့မှာတည်ရှိပြီး ဒီမြို့လေးကို ၁၉၇၀ခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်လို့သိရပါတယ်။ စတင်တည်ထောင်စဉ်တုန်းက လူဦးရေ ၅၀၀၀၀ ခန့်နေထိုင်ကြတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။ 

Photo Credit : Once A Glance Page
Photo Credit : Once A Glance Page

ဒါပေမယ့်လည်း နျူကလီးယား မတော်တဆမှုတစ်ခု အကြီးအကျယ် ဖြစ်ပွားခဲ့တာကြောင့် အာ့ဒီမြို့မှာ နေထိုင်တဲ့ လူတွေအားလုံး အသက်လုပီး စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ ဒါကြောင့် ဒီမြို့ကြီးဟာ လူသူလုံးဝမရှိပဲ တိတ်ဆိတ်ခြောက်ကပ်တဲ့နေရာကြီး တစ်ခုအဖြစ် ယနေ့တိုင်တည်ရှိနေတာလည်း ဖြစ်ပါတယ်။ 

Photo Credit : Pngtree
Photo Credit : Pngtree

‌အာ့ဒီမြို့ကို သွားရောက်လည်ပတ်တဲ့ တချို့သူတွေရဲ့အဆိုအရ ဒီမြို့ကြီးမှာ နျူ ကလီးယားမတော်တဆမှုကြောင့် သေဆုံးသွားတဲ့ သူတွေရဲ့ ဝိဉာဉ်တွေကိုတွေ့ရှိခဲ့ကြတယ်လို့လည်း ပြောကြပါတယ်။ နောက်ပိုင်းမှာတော့ ယူကရိန်း အစိုးရဟာ ဒီနေရာကြီးကို တားမြစ်နယ်မြေတစ်ခု အဖြစ်ပြုလုပ်လိုက်ပြီး ဘယ်သူမှမဝင်ရဘူးလို့ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ သို့သော်လည်း စွန့်စားသွားလာတဲ့ လူတချို့ကတော့ ဒီမြို့တော်ကြီးထဲကို ခိုးဝင်လာပြီး သရဲရှာဖွေရေးတွေကို ယနေ့တိုင် ပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

Source : Once A Glance Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။